/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 14, 2013

.

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင် - See more at: http://blog.irrawaddy.org/2013/03/blog-post_2292.html#sthash.uTwXAB2W.dpuf

မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုးတက်လာနေပါပြီ။ အခုဆိုရင် မိုဘိုင်း ဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ များပြားလာတာကြောင့် အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်း ဖုန်းမှ တဆင့် သင်ယူနိုင်ပြီလို့ သိရပါတယ်။

ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ ) ~

မိုဘိုင်းဖုန်းကနေ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Urban English ကို Blue Ocean နဲ့ URban Planet Mobile Deucation Service တို့က ပူးပေါင်းပြီး မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ Park Royal ဟိုတယ်မှာ ၀န်ဆောင်မှုကို အသိပေးပွဲကျင်းပခဲ့တာကို ယနေ့ ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

Urban English ရဲ့ ၀န်ဆောင်မှုထဲမှာ အခြေခံ အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အဆင့်ခွဲထားတယ်လို့ သိရပါတယ်။ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ကဏ္ဍတွေခွဲထားပြီး TOEFL ကဏ္ဍကိုလည်း လေ့လာနိုင်အောင်စီစဉ်ထားတယ် လို့ ဆိုပါတယ်။

ကဏ္ဍ တခုစီတိုင်းမှာ သင်ခန်းစာပေါင်း ၆၀ မှ ၉၀ အထိ ပါဝင်ကြောင်းနဲ့ အခြေခံ သင်ခန်းစာ တခု ကျသင့် ငွေ ၅၀ ကျပ်၊ သင်ခန်းစာပေါင်း ၆၀ အတွက် ကျသင့်ငွေ ကျပ် ၃၀၀၀ ဈေးနှုန်းနဲ့ ၃ လအတွင်း နှစ်သက် သလို လေ့လာနိုင်တဲ့အခွင့်အလမ်း ရှိတယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်စာကို မိုဖုန်းဖုန်းမှ တဆင့် လေ့လာလိုသူတွေအနေနဲ့ Call Center ဖုန်း- ၀၁-၂၃၉၉၈၇၆ ကို ခေါ် ဆိုပြီး Native Speaker များပို့ချတဲ့ မိုဘိုင်းဖုန်း အင်္ဂလိပ်စာ ပို့ချမှုကို လက်ကမ်းလို့ ရပါတယ်တဲ့။

အခုလို မိုဘိုင်းဖုန်းကတဆင့် အချိန်ကုန်သက်သာ၊ ငွေနဲ့ လူသက်သာစေတဲ့ အင်္ဂလိပ်စာ သင်ယူလေ့ လာ နိုင်မှု ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လည်းဖြစ်ပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။