/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 14, 2013

.

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?

ဒီနေ့ မြို့ထဲ ရပ်ထဲ ရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ်ဆိုတဲ့စကားလုံးပါ၊ ဒီစကားလုံးက တော်တော်လေး ရေပန်းစားနေတာ ကို တွေ့ကြရ မှာပါ ။ ပြီးတော့ ရပ်တိုင်း ရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြ တာပေါ့။ ဒါတွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထု အပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေ အနေ အတိုင်း ဆက်သွား မယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေး စရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာ တစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလို စည်းရုံးရေး ကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည် အတွက် အကောင်းဘူးလို့ ဆို လိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာ မုချမလွဲပါဘဲ။ မှန်ပါ တယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီ ကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ အဖွဲ့အစည်းကို ခေါင်းဆောင်သော Leader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ် တဲ့ သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာ မြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင် အနာဂတ်နေ့ ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု ၊ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေ လှပအောင် ဖန်တီး ပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီး တော်တဲ့ မိဘဖြစ်ဖို့ပါ လိုအပ်လာပါပြီ။ ဒီလို ပါဘဲ မြန်မာပြည်သူတွေ အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေ ဟာ ပြည်သူတွေရဲ့ မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာ ကောင်းရုံနဲ့တင် မရပါဘူး။ မလုံလောက် ပါဘူး Not enough with good ။ထက်မြတ် တဲ့သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ သူတာဝန်ယူရတဲ့ နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီတိုး တက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။

၂။ NLDပါတီကို ပြည်သူတွေဘာကြောင့်ထောက်ခံနေတာလဲ ဆိုတာလဲ အကြောင်းအရင်တွေ ရှိပါတယ်။ အဓိက အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုး သား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့ အချက်ဟာ အဓိက အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ဟာ တော် တဲ့၊ထက်မြတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်မှ ပြောင်းလဲ တိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွား ပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့ သူတွေ အများကြီးရှိ နေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်း လဲသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦး တစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ် ခုကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဓာတ် ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစု ဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့အစည်း တစ်ခုက နိုင်ငံ့ ထိပ်ဆုံး ခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။

၃။ NLD ထောက်ခံမှုရနေတဲ့ နောက် အကြောင်းအရင်း တစ်ချက်ကတော့ကျွန်တော်တို့ မြန် မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာ နှစ်ပေါင်း ၂၀ ကာလလောက် နေခဲ့ရတဲ့ အတွက် စနစ်အ ပြောင်းအလဲတစ်ခုကို အင်မတန်လိုချင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက် အုပ်စုများရဲ့ ဒဏ်ခတ် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မား တိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီး နောက်ကျ ကျန်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလို နေရင်း အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးမှုတွေ ကြီးထွားလာခဲ့ပြီး ဒီလုတွေ၊ ဒီပါတီ ဆိုရင်တော့ ကောင်းတာ လုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ် ဆိုတဲ့ အမုန်းတရား စိတ်ဓာတ်တွေ ၀င်နေတဲ့ အချက်ပဲဖြစ် ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြည့်စွက် ပြောချင်တာ ကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးစု အများဆုံး နဲ့ သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံး နိုင်ငံဟာ မြန်မာနိုင်ငံဖြစ် ပါတယ်။ တိုင်းပြည် တစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အဲဒီတိုင်းပြည်ငြိမ်းချမ်းမှု ရှိလား မရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက် တစ်ခုဖြစ် ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် ကြိုက်တဲ့ အစိုးရတက် အဲဒီ တိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ သမိုင်းကြောင်း နောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိက အချက်တစ်ခုဖြစ်နေပါတယ်။

၎။ နောက်ထပ် အကြောင်းအရင်းကြီး တစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကို စည်းရုံးရေး လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဖြစ်တယ် ဆိုတာရယ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ၊မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရ ရဲ့ လုပ်ကိုင်ဆောင် ရွက်သမျှ ကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ် ပြောဆိုတဲ့ အလုပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးပြုတဲ့အချက်ဖြစ်ပါတယ်။ ဒီလို ရေးသာရတာဟာ NLD ကို ပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေး အစည်းအဝေးတွေမှာ သွား နားထောင် ကြည့်လိုက်ရင် ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက် နေပြည်သူ များဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဟာကွက် ပျော့ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံး ပြောဆိုရင် အဲဒီလူတွေ ကိုကြိုက်ကြပါ တယ်။ထောက်ခံကြတယ်။ ဒါဟာ လူ့သဘောသဘာဝလဲ ဖြစ်တဲ့ အတွက် အပြစ်တော့ မဟုတ် ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေး လုပ်တဲ့ အစည်းဝေးတစ် ခုမှာပြောလိုက် တယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရ လက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့ လူတွေ၊ နဂိုကလည်း ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် မတိုးတက်တာ၊ အခုလဲ ဒီလူတွေဘဲ ဆိုတော့ ဘာမှထူးလာမှ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘ၀ အရောင်ပြောင်းမှာ မဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့ အချိန်မှာ အောက်က လူတွေက လက်ခုပ်တဗြောင်း ၂ တီးပြီး ထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်း တာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့ အောက်မှာ အမှား အမှန် ကို သေသေချာချာ ကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% နှုန်းလောက် ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒ လက်ကိုင်ထားပြီး ထိုးနှက် တိုက်ခိုက်တဲ့ အပေါစား စည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေ အောက်မှာ ဟုတ်များ ဟုတ်လေ မလား ဆိုပြီး ယောင်ဝါးဝါးနဲ့ ထောက်ခံနေ မိကြတာ ဖြစ်ပါတယ်။

၅။ NLD ပါတီမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံး အချက်တစ်ခုရှိနေပါ သေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံး ပါဝင်တဲ့လူတွေက အစိုးရ အပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာ အရည်အချင်းက အစ နည်းပါတဲ့ သူတွေ အများဆုံး ပါဝင်ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေ ရွာက NLD ပါတီဝင်တွေကို ရွာရောက် တုန်းလေး လာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ ကို ကျွန်တော် မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လို ၀င်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲ မေးကြည့်တော့ ဦးလေလဲ မသိပါဘူး ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ အနီရောက် အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင် ထားတာကွ လူတွေ တရုံးရုံးနဲ့ NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ် ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကဌ လုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲ ဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါ နေရတာပေါ့ကွ လူအထင်ကြီးတော နည်းသလားတဲ့ ၊ ဒါဆိုဦးလေး ဘာတာဝန် တွေယူထားလဲ ဆိုတော့ ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီး ဈေးရောင်းတော့ အမြတ်ကလေး ဘာလေးလဲရ၊ ငါလဲ ဟန်ပါပါ နေလို့ရတာ ပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေး Democracy ကိုတော့ သိတယ် မဟုတ်လား ဆိုလား အင်း ငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်းစုကြည် ၀ယ်ထားပြီးပြီတဲ့ဟ အရင်တုန်း ကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလို ပြောခဲ့တာပါ ဒါဟာ လက်တွေဖြစ်ပျက်ခဲ့ တာပါ။

၆။  နောက်ထပ် ဥပမာတစ်ခုကလဲ တကယ်ဖြစ်ပျက်ခဲ့တာပါ ရွာတစ်ရွာမှာပေါ့ သူတို့ရွာသားချင်း စီးပွားရေး၊ လူမှုရေးကိစ္စ တွေနဲ့ ပြဿနာဖြစ်ကြတယ်။ ဖြစ်တဲ့အခါကျတော့ ဘာမဆိုင်ညာမဆိုင် ပြဿနာနဲ့မဆိုင်တဲ့ မင်းတို့ ------ ပါတီကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ပြောပြီး၊ အနီးဆုံးမြို့ကိုသွား NLD နဲ့ဆက်သွယ်ပြီး သူ့ အိမ်မှာ NLD ဆိုင်းဘုတ်တင်ပါသတဲ့ဗျာ။ ဖွင့်ပွဲနေမှာ လူလေး ၄/၅/၆ ယောက်လောက်နဲ့ပေါ့။ ပြီးတော့ ခုချိန်ထိလဲ ဘာမှမလုပ်ပါဘူး။ လုပ်လို့လဲမရဘူးလေ။ တစ်ရွာလုံးက တခြားပါတီဝင်တွေကိုး။ ဒီဇင်ဘာလက ရွာရောက်လို့ကြည့်လိုက်တော့ ဆိုင်းဘုတ်တောင် ယိုင်နေတာတွေ့ခဲ့ပါတယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင် လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့ သူတွေဖြစ်ဖို့ အရေး အလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ ရလာဒ်ဟာ ကြာဖြတ် ရွေးကောက်ပွဲလေး ဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှ မသိသာ ခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာ သေချာ မဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေ ထားပြီး မဲပေးကြ ဦးမယ်ဆိုရင် အနာဂတ် မြန်မာနိုင်ငံကြီးဟာ ကျွန်တော် တို့ ပြည်သူတွေ မျော်လင့်ထားတဲ့ ရွေရောင် လွှမ်းတဲ့ မြန်မာပြည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးဆိုတာ သုံး သပ် တင်ပြလိုက်ရ ပါတယ်။

Jing Hpaw Land

Credit : Here

7 comments:

  1. အထက်ပါ Anti-NLD အားပြန်လည်တင်ပြလိုသည်မှာ၊ NLD အားလူထုမှထောက်ခံနေသည်မှာ နားမလည်ပဲငတုံးငအားများဟုထင်လျှင်မှားမည်ဖြစ်ပါသည်။ စာရေးသူသေချာပြန်စဉ်းစားကြည့်ပါ၊ မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်မတိုင်ခင် ၂၆နှစ်၊ ၁၉၈၈နောက်ပိုင်း ၂၂နှစ် အား စစ်တပ်မှတာဝန်ယူအုပ်ချုပ်ခဲ့သော်လည်း၊ မည်သို့မျှတိုးတက်လာခြင်းမရှိပဲ၊ အောက်သို့သာ နိမ့်ကျခဲ့သည်ကိုမည်သူမျှငြင်းပယ်လို့မရနိုင်တဲ့ သက်သေအထောက်အထားတွေနဲ့တွေ့ရမှာဖြစ်ပါတယ်။ မည်မျှပင်ဖြေရှင်းချက်ပေးပေး Result သည်သာအဓိကဖြစ်ပါသည်၊ Physics သဘောတရားအရကြည့်ပါကလည်း၊ Work done ကို force နှင့် distance မြှောက်ခြင်းမှ ရရှိခြင်းဖြစ်လို့၊ (force) အား မည်မျှနှင့်တွန်းတွန်း (distance) အရွေ့ မရှိပါက work done မှာ zero (၀) ပင်ဖြစ်ပါလိမ့်မည်။ ယခုအစိုးရလက်ထက်တွင် အတော်အတင့် ပြောင်းလဲမှုအမှန်တကယ်ရှိလာသည်ဟုပြောလို့ရပါသည်၊ ထိုကဲ့သို့ ယခင်လူအများစုပါဝင်တဲ့အဖွဲ့အစည်းကပဲ ဦးဆောင်မှုသည်ယခုမှအဘယ်ကြောင့်ယခုလိုပြောင်းလဲခဲ့ရပါသနည်း၊ ခေတ်စံနစ်တစ်ခုပြောင်းရန် အချိန်တစ်ခုယူရသည်ဟုဆင်ခြေပေးပါလိမ့်မည်။ ဆင်ခြေဆိုသည်မှာလူဖျင်း၊ လူညံ့တွေရဲ့လက်ကိုင်တုတ်ဟုသိထားပါသည်။ နောက်တစ်ချက်က ယခုလိုဆယ်စုနှစ်များစွာ အချိန်ယူရသည်မှာ အလွန်ကြန့်ကြာသည်ဟုထင်မြင်မိပါသည်။ အချိန်ဆွဲသည်ဟုလည်းပြောလို့ရပါသည်။ နောက်တစ်ချက်ပြောလိုသည်မှာ တိုးတက်တဲ့နိုင်ငံတွေကို ကြည့်ရင် အလွန်တော်၊ အလွန်တတ်သော ပုဂ်ဂိုတစ်ဦးတည်း၏ ဦးဆောင်မှုဖြင့် တိုင်းပြည်တိုးတက်နိုင်မည်ကိုတွေ့ရပါမည်၊ တစ်ယောက်တည်းဖြင့် ပြောင်းလဲလို့ မရနိုင်ဟု ငြင်းချက်ထုတ်ပါလိမ့်မည်။ မှန်ပါသည်၊ တစ်ယောက်တည်းဖြင့်မရနိုင်ပါ။ သို့ရာတွင်ထိုပုဂ်ဂိုမှ တိုင်းပြည်အတွက်လိုအပ်သော အရည်အချင်းရှိသော သူများကို၊ ၄င်း၏အရည်အချင်းဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီး၊ ၄င်းအရည်အချင်းရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ တိုင်းပြည်အားတိုးတက်ကြီးပွားနိုင်အောင်ဆောင်ရွက်နိုင်ပေမည်။ ဥပမာအားဖြင့်- အမေရိကန်နိုင်ငံကိုကြည့်ပါ၊ သမတတစ်ဦးကိုရွေးကောက်တင်မြှောက်ပြီး၊ ၄င်း၏အရည်အချင်းဖြင့် ဆောင်ရွက်နိုင်သူများအား ရှာဖွေပြီး၊ ၄င်း၏ပြောင်မြောက်သော မဟာဗျူဟာများဖြင့် တိုင်းပြည်ကိုတိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ပေမည်၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုနည်းလည်းကောင်းဆောင်ရွက်နိုင်မည်ကို ပြည်သူများကအထူးယုံကြည်အားကိုးခြင်းကြောင့်မျှော်လင့်ချက်ကြီးစွာဖြင့် NLD ကိုရွေးချယ်ကြခြင်းဖြစ်ပါသည်။ အကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သမတဖြစ်လာပါက သူ၏လုပ်ဖော်ကိုင်ဖက်များရွေးချယ်ရာတွင် ထင်ထားသကဲ့သို့ NLD ပါတီဝင်များကိုသာ ရွေးချယ်မည်ဟုထင်ပါသလား? ထင်မြင်ချက်ကိုပေးရပါက - ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက်အမှန်အားထားရသော NLD ပါတီဝင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ကိုသာရွေးချယ်ပါလိမ့်မည်။ အကယ်လို့ ထိုရွေးချယ်မည့်ပုဂ်ဂိုသည် တချိန်က ၄င်း၏ပြိုင်ဘက်ဖြစ်လျှင်တောင် ရွေးချယ်ပါလိမ့်မည်။ အထက်ပါအချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်အားကိုးထိုက်ပြီး၊ တိုင်းပြည်အတွက်ယုံကြည်စိတ်ချရသူဖြစ်သောကြောင့် ပြည်သူများမှ တစ်ဦးတစ်ယောက်တည်းကိုသာ သည်းသည်းလှုပ်ကြိုက်နေခြင်းဖြစ်ပါသည်။

    ReplyDelete
    Replies
    1. မှန်တာပေါ့ ငယ်မွေးခြံပေါက်နိုင်ငံဝန်ထမ်းတွေ
      အကျင့်အောင်ပျက်သွယ်ဝိုက်ဖျက်ဆီးခဲ့တဲ့စစ်အာဏာရှင်ခေတ်ကိုတော့မကြားချင်တော့ပါ
      အဝေးသင်ဘွဲ့ရတွေလည်းလူရာမဝင်ခဲ့ မိဘ
      ကိုသိတတ်လို့ဈေးရောင်း အလုပ်လုပ်ရင်းပညာ
      သင်ဘွဲ့ရတွေတိုင်းညဏ်ပညာမနိမ့်ပါ
      ဘယ်သူကဒေးမတက်ချင်ပဲရှိမလဲ မိမိဒေသအခြေအနေပေါ်မူတည်ပြီးပညာတတ်
      ဘွဲ့ရအောင်ကြိုးစားခဲ့တဲ့သူကအတွေ့အကြုံပို
      သာတယ် ဝန်ထမ်းတွေကို ခေါင်းစဉ်အမျိုးမျိုး
      နဲ့စိတ်ကုန်အောင်လုပ် အလုပ်ထွက်သွားတော့
      အဖွဲ့အစည်းတွေထဲကအသွင်ပြောင်းကျောက် အဲလေယောင်လို့ နေရာယူ တက်ချင်သူက
      ရာထူးတက် မတက်တဲ့သူကတော့ရေသေ။
      ခုတော့အဖေလဲကောင်း အမေဓကာင်း
      နဲ့နေရတော့မယ့်သားသမီးတွေအလားအလာ
      မကောင်းစရာမရှိပါဘူး ဝန်ထမ်းဆိုတာပြည်သူထဲကဖြစ်လာကြတာ
      မိမိဝန်ကိုထမ်းသူကိုစောင့်ရှောက်ခြင်းသည်
      ပြည်သူတဝက်ကိုစောင့်ရှောက်ပြီးသားပဲဖြစ်
      ပါတယ်

      Delete
  2. ဆောင်ပါးရှင်အနေနဲ့ လက်ရှိအစိုးရ လက်ထက်မှာ ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှုများ၊ အထက်လူကြီးများ ၀င်ငွေနှင့် မမျှအောင် ချမ်းသာနေမှုများ၊ ဆရာမွေး တပည့်မွေ အုပ်ချုပ်ရေးမှူးရွေချယ် မှုများကိုလည်း နှာစေးမနေဘဲ ဆောင်းပါလေး ရေးပေးရန်တောင်ဆိုပါသည်။ NLD ကောင်းတယ်လို့ မဆိုလိုပါ။ ကြံ့ဖွံ့ ရောကောင်းပါသလား?။

    ReplyDelete
  3. အများပြည်သူတွေ ပွင့်လင်းမြင်သာအောင်
    ဆောင်ရွက်ပေးတဲ့ ခေတ်ဖြစ်နေပြီ ဘာပဲမွေးမွေး
    ဘာမှမဟုတ်တာ လုပ်လို့မရပါဘူး
    တဖြည်းဖြည်းနဲ့ အာဏာရှင်ခေတ် အကြွင်းကျန်
    အဂတိ သမားတွေ ပပျောက်လာပါလိမ့်မယ်
    သီးခံပြီးတော့ခဏစောင့်ပါ လူကြီးတွေစီမံနေပါတယ်

    ReplyDelete
  4. မင်းပဲကောင်းတယ်တဲ့
    အဆိုတော်သျှီသီချင်း။

    ReplyDelete
  5. လီးဖြစ်လို့ အမေမကောင်းကြောင်ပြောနေတာလဲ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။