/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 14, 2013

.

KIA ၏ ခံစစ်စခန်းများအား ဂျပန်နိုင်ငံသားတစ်ဦး၏ အကြံပေးချက်ဖြင့် ပြန်လည် ပြင်ဆင်ခဲ့


မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO/KIA ခေါင်းဆောင်များ ဆွေးနွေးမှု ပြုလုပ်နေသည့် အ ချိန် အတွင်း ကေအိုင်အေ ဗဟိုဌာနချုပ်သို့ ဂျပန်နိုင်ငံသား မစ္စတာ ဟီတာချီနှင့် အဖွဲ့ဝင်များ မတ်လ ၄ ရက်ေ န့ တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဂျပန်နိုင်ငံသားနှင့်အဖွဲ့သည် ကေအိုင်အေ ဒု စစ်ဦး စီး ချုပ် ဂွမ်မော် နှင့် အတူ ကေအိုင်အေ ခံစစ်စခန်းများအား လိုက်လံကြည့်ရှုခဲ့ပြီး ခံစစ်စခန်းများ၏ လိုအပ် ချက်နှင့် ပြန်လည်ပြုပြင်ခြင်း များ ပြုလုပ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲခဲ့ကြောင်း လိုင်ဇာ သတင်း ရင်းမြစ်မှ ဆိုပါ သည်။

ထို့ပြင် ကေအိုင်အေ အနေဖြင့် အနာဂတ် စစ်ရေး စီမံချက် တစ်ခုအား ဂျပန်နိုင်ငံသား အကူအညီဖြင့် ရေး ဆွဲ လျှက်ရှိပြီး ၄င်းတို့ စီမံချက် ရေးဆွဲရာ နေရာအနီး မီတာ ၂၀၀ အကွာတွင် လုံခြုံရေး ချထားလျှက် ရှြိေ ကာင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်အေ အနေဖြင့် လိုင်ဇာကို အခြေပြုပြီး စခန်းများ ကို ပြန် လည် တိုက်ခိုက်ရန် စီစဉ်နေပုံ ရကြောင်း၊ လက်နက်ရိက္ခာ အထောက်အပံ့များကိုလည်း ဆက်တိုက် ဖြည့် တင်းလျှက် ရှိကြောင်း သတင်းပေးပို့သူက ဆိုပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကေအိုင်အေ အုပ်ချုပ်ရာ ဒေသများ၌ လူဖမ်းပွဲများ ဆက်တိုက် ဖြစ်ပွားလျှက် ရှိပြီး ဒေသခံများ ကျီးလန့်စာစား ဖြစ်နေရသည်ဟု သိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။