/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 14, 2013

.

မတ်လအတွင်း ကျင်းပမည့် ကုန်စည်ပြပွဲများ

သင်္ကြန်အကြို ကုန်စည်ပြပွဲကြီး နှင့် ကားပြပွဲကြီးကျင်းပမည်

ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ၊ မိုင်ဒါကွင်း (မြို့မကွင်း) ၌ သင်္ကြန်အကြို ကုန်စည်ပြပွဲ ကြီးနှင့် ကားပြပွဲ ကြီးကို ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ (၄)ရက် တိုင်တိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြခန်းပေါင်း ၅၀၀ ကျော်နှင့် ကားအစီးရေ ၁၀၀၀ ကျော် ပါဝင် ပြသမည် ဖြစ်ပြီး ၀ယ်ယူ သူများ အတွက် အရစ်ကျ ငွေချေစနစ် နှင့် အထူး လျော့ဈေးများ ၊ အပို မေတ္တာ လက်ဆောင်များ ၊ ကံစမ်းမဲ အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။ ယင်းပြပွဲတွင် ပြခန်း ငှားရမ်း လိုသူ လုပ်ငန်းရှင်များ အနေဖြင့် Smart Business Group ၊ ဖုန်း ၀၉- ၇၃၀၁ ၄၇၇၇ ၊ ၀၉- ၅၀၉၉ ၀၇၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ကုန်စည်ပြပွဲ
ကောက်ရိုးနွယ် ကုမ္ပဏီ လီမိတက် နှင့် မဟာမေတ္တာ ပညာရေး ဖောင်ဒေးရှင်း တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင် ရန်ပုံငွေ ကုန်စည်ပြပွဲ ၊ ဈေးပွဲတော် ၊ ကားပြပွဲ နှင့် ဂီတဖျော်ဖြေ ပွဲတော်ကြီး ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ အထိ တောင်ငူမြို့ ၊ မိုင်ဒါကွင်းတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲနှင့် ပတ်သက်၍ ကောက်ရိုးနွယ် ကုမ္ပဏီ လီမိတက် ၊ အမှတ်(၁၂) ၊ ဗိုလ်တထောင် လမ်းသွယ်(၃) လမ်း ၊ ဗိုလ်တထောင် မြို့နယ် ၊ ရန်ကုန်မြိ့ ၊ ဖုန်း ၀၁- ၂၀၀ ၉၈၈ ၊ ၀၉- ၅၀၁၀ ၇၄၈ ၊ မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင်း ၊ ဘိုးဘွားရိပ်သာ လမ်းနှင့် ဘူတာရုံ လမ်းထောင့် ၊ တောင်ငူမြို့ ၊ ဖုန်း ၀၅၄- ၂၃၇ ၉၉ ၊ ၀၉- ၅၃၅၂ ၅၄၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။