/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 14, 2013

.

ဂျပန်နိုင်ငံ ( JICA ) အကူအညီပေးရေး အဖွဲ့မှ မွန်ပြည်နယ် အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ အစိုးရ အဖွဲ့ရုံး ဧည့် ခန်းမတွင် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များတွင် အကူအညီ ပေးရန် မွန်ပြည်နယ် အစိုးရ အဖွဲ့အား ဂျပန်နိုင်ငံ ( JICA ) အဖွဲ့မှ Mr. Takayasu Otake နှင့် အဖွဲ့ဝင် ၅ ဦးတို့က မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က လာရောက် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ ( JICA ) အကူအညီ ပေးရေး အဖွဲ့ Mr. Takyasu Otake မှ ၄င်းတို့ အနေဖြင့် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ဒေသတွင်း ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ သောက်သုံးရေ ရရှိရေး ကိစ္စရပ် များတွင် အကူအညီများ ပေးအပ် နိုင်ရန် ကွင်းဆင်း လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း တွေ့ဆုံပွဲသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် အတွင်းရေးမှူး ဦးဇော်လင်းထွန်း ၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးညွန့်စိုး ၊ နတလ မှ ဦးခင်မောင်ကြည် နှင့် ပြည်နယ် စီမံကိန်း ဦးစီးမှူး ဦးမျိုးညွှန့် တို့ တက်ရောက် ကြကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။