/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 7, 2013

.

အသုံးလုံးလုံးမကျတဲ့ NLD ဗဟိုကော်မတီ အာဏာသိမ်းဖို့ ကြံလေသလား ??


ယခုလ ၈၊၉၊၁၀ နေ့များတွင်ပြုလုပ်မည့် NLD ဗဟိုညီလာခံမတိုင်မီ NLD ပါတီဝင်အချို့ လျှို့ဝှက်အစည်း အဝေး ၃ ကြိမ်ကို ၃ နေရာခွဲပြီးပြုလုပ်ခဲ့ကြသည်ဟုသိရပါသည်။ သူတို့၏ရည် ရွယ်ချက် မှာ ယခုဗဟိုညီလာခံ၌ အနိုင်ရရှိရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သူတို့အသာစီး ရရေးတို့ဖြစ်ပြီး ၂၀၁၅ တွင်ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရပါက ပါတီဥက္ကဌ အဖြစ်မှ ဖယ်ရှားရေး တို့ဖြစ်သည်ဟုသိရပါသည်။ ယခုပါတီတွင်း မသမာမှု၏နောက်ကွယ်တွင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း တိုက်ရိုက်ပတ်သက်နေသည်ဟုလည်း သိရပါသည်။

ထိုလျှို့ဝှက်အစည်းအဝေးများကိုတက်ရောက်ခဲ့ကြသောသူများစာရင်းတွင် စမ်းချောင်းမြို့နယ်မှ ဦးဘိုဘိုဦး၊ သာကေတမြို့နယ်မှ ဦးကျော်ကျော်ထွေး၊ ကျောက်တံတားမြို့နယ်မှ ဒါရိုက်တာကြည်ဖြူ သျှင်၊ အင်းစိန်မြို့နယ်မှ ဦးခင်မောင်ရှိန်၊စစ်ကိုင်းတိုင်းမှ ဒေါ်မိမိကြီး၊ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊လမ်း မတော်မြို့ နယ် မှဦးခင်မောင်ဝင်း တို့ပါဝင်သည်ဟုသိရပါသည်။ ယနေ့ ဒေါ်အောင်ဆန်းဆုကြည် မှ တိုက်ရိုက် ဖွဲ့စည်းစေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီ ၏စစ်ဆေးတွေ့ရှိချက်များအရ ဦးခင်မောင်ရှိန်၊ ဒေါ်မိမိကြီး၊ဦးသန့်ဇင်၊ဦးခင်မောင်ဝင်း တို့ ၄ ဦး ကို ညီလာခံကိုယ်စားလှယ် အဖြစ်မှရပ်စဲ လိုက်ကြောင်းသိရပါသည်။ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းပြု၊မပြုကို မဆုံးဖြတ်ရသေးကြောင်းသိရပါသည်။

Credit : Lun Swe

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။