/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 7, 2013

.

ကလေးများအတွက် တရားစခန်း


တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။ ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။

ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စ အဖွဲ့ ၀င် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။

၂၀၁၀ ပြည့်နှစ်က ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြော သည်။

ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ ဖြစ်လာရန်၊ လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်မှ ကလေးများ၊ အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~











Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။