/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 7, 2013

.

မန္တလေး၏ ပထမဆုံး မီတာစနစ်ဖြင့် ပြေးဆွဲမည့် မြို့တော် အငှားယာဉ်လုပ်ငန်းဖွင့်ပွဲ


မန္တလေး မြို့နေ ပြည်သူများ သွားလာမှု လွယ်ကူ ချောမွေ့ စေရန်နှင့် မန္တလေးမြို့ တွင် ပထမဆုံး မီတာစနစ် ဖြင့် မောင်းနှင် ပေးမည့် မန္တလေးဂုဏ် ကုမ္ပဏီ လီမိတက် ၏ မြိ့တော် အငှားယာဉ် ( City Taxi ) လုပ်ငန်း ဖွင့်ပွဲအား မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ က မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၊ အနှိပ်တော် ရပ်ကွက် ၊ ၅၈ လမ်း ၊ ၂၂ x ၂၃ လမ်းကြားရှိ ကုမ္ပဏီ ရုံးရှေ့၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်ကြေသော မန္တလေး မြို့တော်ဝန် ၊ စည်ပင် သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူ ၊ စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ဇံ ၊ ယာဉ်ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိ သူများ ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာ အချိန်တွင် မန္တလေး မြို့တော်ဝန် ၊ စည်ပင် သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း နှင့် မန္တလေးဂုဏ် ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးရန်သိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး တက်ရောက် လာသော ၀န်ကြီးများမှ ဂျာမဏီ နိုင်ငံမှ ထုတ်လုပ်သော Vauxhall Astra ယာဉ်ငယ် များအား အမွှေး နံ့သာရည်များ ပက်ဖြန်း ပေးကြပြီး ဆုမွန်ကောင်း များ ဆုတောင်း ပေးကြသည်။



အဆိုပါ ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းတွင် ယာဉ်ငယ် ၁၀ စီး ဖြင့် လုပ်ငန်း စတင်မည် ဖြစ်ပြီး မီတာစနစ်ဖြင့် မောင်းနှင်သည့် အတွက် ဈေးနှုန်း တည်ငြိမ် မှန်ကန်မှု ရှိမည် ဖြစ်ကြောင်း ၊ ခရီးစဉ် စ - ဆုံး လေအေး ပေးစက် ဖွင့်၍ ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ၊ မြို့တွင်း တစ်မိုင် ကျပ် ၇၀၀ နှုန်းဖြင့် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။