/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 23, 2013

.

ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့် သွားမည်ဖြစ်ကြောင်း အား ကစားနှင့် ကာယပညာ ဦးစီးဌာနမှသိရသည်။ ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ် သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲမကျင်းပမီနှင့် ကျင်းပနေသည့် ကာလအတွင်းနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများ၌ ပြည်သူလူထု လှုံ့ဆော်အသိပေးဆိုင်းဘုတ်များ၊ ပိုစတာများ၊ မုဒ်ဦးများကိုဆုရရှိသူများ၏ ဒီဇိုင်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်စ်၏ ဆောင်ပုဒ်ပါ အဓိပ္ပါယ်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း အစရှိသည်တို့ကို ယှဉ်ပြိုင်သည့်ဒီဇိုင်းများတွင် ပေါ်လွင်စေရမည်ဟု ပြိုင်ပွဲပါစည်း ကမ်းချက်များတွင် ပါရှိသည်။

ဒီဇိုင်း ပြိုင်ပွဲအတွက် အရွယ်အစား ၃ မျိုးသတ်မှတ်ထားကြောင်း၊ တစ်မျိုးလျှင် ဒီဇိုင်း ၁၀ မျိုးစီယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း၊ လာမည့်ဖေဖော်ဝါ ရီလ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

The Myanma Age

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။