/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 23, 2013

.

မြစ်ကြီးနားမြို့တွင် Spitfire တိုက်လေယာဉ်ဟု ယူဆရသော အရာများ တွေ့ပြီ


ဗြိတိန်နိုင်ငံထုတ် Spitfire တိုက်လေယာဉ်များကို မြန်မာနိုင်ငံအတွင်းရရန် ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံလေဆိပ်အနီး၊ အနီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အနီးတွင် မြှုပ်နှံထားခဲ့ရာ၊ ယင်းလေယာဉ်များကို ရှာဖွေတူးဖော်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Mr.David J.Cundall နှင့် အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Spitfire လေယာဉ်ဟု ယူဆရသော အရာကို စတင် တွေ့ရှိပြီ ဖြစ်ကြောင်း ၉-၁-၂၀၁၃ ရက်တွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းလေယာဉ်များကို တူးဖော်ရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်များအား တူးဖော်မှု ဆောင်ရွက်ရန် ရွှေတောင်ပေါ် ကုမ္ပဏီနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းစီမံကိန်းကြီး အောင်မြင်၍ လေယာဉ်များ တွေ့ရှိပါက မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ၏ ဆက်ဆံရေး ပိုမို မြင့်တက်လာမည်ဖြစ်ကာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်စေမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ အကျိုးအမြတ်များကို မြန်မာ အစိုးရဘက်မှ ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံသား Mr.David J.Cundall က ၃၀ ရာခိုင်နှုန်း ခွဲယူရမည် ဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားမှာ ရေတွေထွက်ပြီး အခက်အခဲ တွေ့ရှိပါတယ်။ ဒါပေမဲ့ ပေ ၃၀ လောက် ရောက်တဲ့အခါမှာတော့ Spitfire လေယာဉ်လို့ ယူဆလို့ ရတဲ့အရာတွေကို တွေ့ရှိခဲ့ပါတယ်” ဟု ရွှေတောင်ပေါ်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထူးထူးဇော်က ပြောကြားသည်။ ထို့ပြင် မြစ်ကြီးနားမြို့တွင် တူးဖော်စဉ် အခက်အခဲများ ရှိသော်လည်း ယခုလ ၉ ရက်တွင် စတင်နေပြီဖြစ်ကာ ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်အနီးတွင် ရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။ ၎င်းတို့ စုဆောင်းထားသော အချက်အလက်များအရ မြစ်ကြီးနားမြို့တွင် Spitfire လေယာဉ် ၁၈ စင်းအနက် ကိုးစင်းစီ နေရာခွဲပြီး ရှိကြောင်း၊ စီမံကိန်းအတွက် သုံးစွဲမည့် ငွေကြေးပမာဏ မည်မျှ သုံးစွဲမည်ကို တိကျစွာ မပြောနိုင်သေးကြောင်း ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောကြားသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။