/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 7, 2012

.

သင်္ဘောများနှင့် မြို့ပတ် ရထားများတွင် I Pay Card တပ်ဆင် လုပ်ဆောင် သွားရန် စီစဉ်လျက်ရှိ


I Pay Card စနစ် တွင်ကျယ် လာဖို့ ပြည်တွင်း ပြေးဆွဲနေတဲ့ သင်္ဘောများနဲ့ မြို့ပတ် ရထား များမှာပါ တပ်ဆင် သွားဖို့ အတွက် ပို့ဆောင်ရေး ၀န်ကြီး ဌာနကို တင်ပြထားပြီ ဖြစ်တယ်လို့ I Pay Card ကုမ္မဏီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါပေမယ့် ဒီလို သင်္ဘောတွေမှာ I Pay Card သုံးစွဲမှုဟာ မလွယ်နိုင် ပေမယ့် လောလောဆယ် မှာတော့ I Pay Card ကုမ္ပဏီမှ တာဝန်ရှိ သူတွေဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တာဝန်ရှိ ပုဂ်္ဂိုလ် များနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ အဆိုပါ I Pay ကုမ္ပဏီနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

ယခုလက်ရှိမှာ I Pay Card သုံးစွဲမှုကို ရန်ကုန်မြို့ အတွင်း ခရီးသည်တင် ယာဉ်လိုင်း Bus ကားလိုင်း များဖြစ်တဲ့ အဓိပတိ အပြာလိုင်းမှ ယာဉ်အစီး ၂၀ ကို တပ်ဆင်နေပြီ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား Bus ယာဉ်လိုင်းတွေ များလည်း I Pay Card ကို တိုးချဲ့တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။