ပြီလ ၁ ရက်နေ့ ကနေ ၃၀ ရက်နေ့ အထိ မှာလည်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ကျေးရွာ ၈ ရွာကို ရေသယ် သမ္ဗာန်များဖြင့် ဂါလန် ရှစ်သိန်း ခုနှစ်သောင်း ငါးထောင် ကိုလည်း ဖြန့်ဝေ ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ အရှေ့ပိုင်း ခရိုင်မြို့နယ် များဖြစ်တဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ရပ်ကွက်များကို ဧပြီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရေယာဉ် ၁ စီးနဲ့ ဂါလန် သုံးသောင်း ငါးထောင် ၊ တောင်ပိုင်း ခရိုင်မြို့နယ် များဖြစ်တဲ့ ဒေါပုံ မြို့နယ်၊ သာကေတ မြို့နယ်၊ ပုစွန်တောင် မြို့နယ် အတွင်းမှာရှိတဲ့ ရပ်ကွက် များကို ရေသယ်ယာဉ် ၁ စီးစီနဲ့ ဂါလန် လေးသောင်း ခြောက်ထောင် တို့ကို ဖြန့်ဝေ ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြောက်ပိုင်း ခရိုင် မြို့နယ်များ ဖြစ်တဲ့ လှိုင်သာယာ မြို့နယ်၊ မရမ်းကုန်း မြို့နယ် အတွင်းရှိ ရပ်ကွက် များကို ရေသယ်ယာဉ်နဲ့ ရေဂါလန် သုံးသောင်း ခြောက်ထောင့် ရှစ်ရာကို ပေးပို့ခဲ့ပါတယ်။ ဒါ့ကြောင့် ယခုနှစ် အတွင်း မှာတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန ရေနဲ့ သန့်ရှင်းမှုမှ ရန်ကုန်မြို့ ခရိုင် ၄ ခရိုင်မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ကို ဧပြီလ ၁ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ ရေဂါလံပေါင်း တစ်သန်း ခြောက်သောင်း ကျော်ကို ဖြန့်ဝေပေး လျက်ရှိတယ်လို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။