/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 7, 2012

.

ခုနှစ်ရက်သားသမီးများအတွက် (၆.၀၅.၁၂) မှ (၁၂.၀၅.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ရွှေဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ အိမ်အမိုးပြင်ခြင်း၊ ၀င်းခြံပြုပြင်ခြင်းများ ပြုလုပ်ရတတ်သည်။ အလှူလုပ်ရခြင်း၊ မိမိသားသမီးမင်္ဂလာပွဲပြုလုပ်ပေး ရခြင်း ( သို့) ဆွေမျိုးသားချင်းထဲမှမင်္ဂလာဆောင်ခြင်း (သို့) မိတ်ဆွေများမှမင်္ဂလာဆောင်ခြင်းများနှင့် ကြုံတွေ့ရ တတ်သည်။ ငွေဝင်ကောင်းနေမည်။ သို့သော်အထွက်များနေမည်။ လုပ်ငန်းတွင်လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာဖြစ်ရတတ်သည်။ စက်ပစ္စည်းထွက်ခြင်းလက်အောက်ငယ်သားထွက်ပြေးခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အပူလောင်ခြင်းဖြစ်တတ်သည်။

အချစ်ရေး။ ချစ်သူနဲ့ပျော်ရွှင်နေချိန်ဖြစ်နေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လက်ဖက်သုပ်နှင့်ဆွမ်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၃၊ ၃၊ ၄ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ ကလေးဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ ခရီးတမျိုးမျိုးဖြစ်တတ်သည်။ လူမျိုးခြား၊ ဘာသာခြားများထံမှ လက်ဆောင်ပစ္စည်းရခြင်း ဖြစ်တတ်သည်။ အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ မျက်စိ နှင့်ပတ် သက်ပြီးငွေကုန်ရတတ်သည်။ စက်ပစ္စည်းများထွက်ခြင်း၊ စာရွက်စာတမ်းကြောင့်ငွေကုန်ရခြင်း၊ ရပ်ဝေးမှနာရေး သတင်းကြားရခြင်းများဖြစ်နေတတ်သည်။

ကျန်းမာရေး။ အစားမှားခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။

အချစ်ရေး။ စန်းအားကောင်းနေသည်။ မိမိဘက်မှမှန်ကန်ဖို့အရေးကြီးသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂၊ ၀၊ ၇၊ ၆ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလှူ၊ မင်္ဂလာပြုလုပ်ရတတ်သည်။ ရွှေအသက်ဝင်ခြင်း၊ စိန်လက်စွပ်၊ ရွှေလက်စွပ်ပြုပြင်ရခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။ ငွေပျောက်တတ်သည်။ စက်ပစ္စည်များအဟောင်း မှအသစ်ပြောင်းရခြင်းပြုလုပ်ရတတ်သည်။ နာရီဝင်မည်။

အလုပ်တွင်ကောင်းသောသတင်းထွက်နေမည်။ စီးပွားတက်နေသောအချိန်ဖြစ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများလုပ်ရမည်။ ခရီးကောင်းတခုသွားရခြင်း၊ ဘ၀အတွက်ပညာသင်ရခြင်း၊ သင်တန်းတခုတက်ရခြင်းဖြစ်မည်။ ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။

အချစ်ရေး။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းခံရတတ်သည်။ သတိရှိပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂၊ ၀၊ ၆၊ ၆ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးသွားရခြင်း၊ မြန်မာပြည်ပြန်ရခြင်း၊ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ စာရွက်စာတမ်းကြောင့်စိတ်ညစ်ရခြင်း၊ လက်အောက်ငယ်သားကြောင့်စိတ်ညစ်ရခြင်း၊ လက်အောက်ငယ်သားထွက်ခြင်းဖြစ်တတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ စိတ်တိုင်း မကျဖြစ်နေမည်။အလုပ်တွင်လုပ်သမျှထင်သလောက်အဆင်မပြေဖြစ်နေမည်။ စာချုပ်စာတမ်းအာမခံခြင်း၊ အလောင်းအစားလုပ်ခြင်းမလုပ်ပါနှင့်။ ဘ၀ပျက်တတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။

အချစ်ရေး။ ချစ်သူနဲ့အဆင်မပြေဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထောပတ်ထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၅၊ ၃၊ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းခြင်းဖြစ်နေမည်။ ငြိမ်ငြိမ်မနေရအောင်အလုပ်များနေမည်။ ငွေလဲအကုန်များနေမည်။ ရပ်ဝေးမှဆွေမျိုးသားချင်း ကျန်းမာရေးမကောင်းသောကြောင့်သွားရောက်သတင်းမေးရတတ်သည်။ နိုင်ငံခြားနှင့် ပတ်သက်သောနယ်စပ်ရောက်ရတတ်သည်။ အလုပ်တွင် အခက်ခဲ၊ အတိုက်အခံများတွေ့ရတတ်သည်။ ခရီးသွားရင်း သူခိုးခိုး ခံရတတ်သည်။ သတိထားပါ။ ငွေဝင်သလောက်ဆီလိုအပေါက်ရှာထွက်နေလိမ့်မည်။

ကျန်းမာရေး။ အကြောနာခြင်း၊ သွေးတိုးခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်နေမည်။

အချစ်ရေး။ ချစ်သူနှင့်အဆက်အသွယ်မရဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇၊ ၅၊ ၅၊ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ

လာဘ်အလွန်ကောင်းနေမည်။ စီးပွားတက်မည်။ ရွေဝင်ခြင်း၊ ကားဝင်ခြင်း၊ ကျောက်မျက်ရတနာဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်းဖြစ်မည်။ လက်အောက်ငယ်သား ကောင်းရောက်လာခြင်းများဖြစ်နေမည်။ မိဘ ကိုပိုပြီးကျေးဇူးဆပ်နိုင်သောအချိန်ဖြစ်နေသည်။ အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရတတ်သည်။

ကောင်းသောပြောင်းခြင်းဖြစ်၏။ မိန်းကလေးအနှောင့်အယှက်တွေရတတ်သည်။ သတိထားပါ။ ကျန်းမာရေး။ ဆေးစားမှားခြင်း၊ လေဖျန်းခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊၂၊ ၁၊ ၁ )

စနေသားသမီးများ၏ကံကြမ္မာ

ရေခြား၊ မြေခြားပင်လယ်ရပ်ခြားခရီးသွားရတတ်ခြင်း၊ မိမိမရောက်ဖူးသောဒေသစိမ်းသို့သွားရောက်ရခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ဖုန်းအဟောင်းမှအသစ်လဲရခြင်း ပြုလုပ်ရတတ်သည်။

ကားအဟောင်းမှအသစ်လဲရတတ်သည်။ စီးပွားတက်နေမည်။ သို့သော် အလုပ်တွင်ရန်ပေါ်တတ်သည်။ ဆိုးဆိုးဝါးဝါးမဖြစ်ပါ။ အလုပ်နှင့်ပတ်သက်ပြီးပြောင်းရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ ပြောင်းစရာဖြစ်လာလျှင်ရဲရဲသာပြောင်းပါ။ နာရီအသစ်မ၀ယ်ပါနှင့်နာရီဝင်သော်မျက်နှာတွင်ဒဏ်ရာရတတ်သည်။

ကျန်းမာရေး။ အမျိုးသားဒူလာဖြစ်ခြင်း၊ အမျိုးသမီးများမီးယပ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။

အချစ်ရေး။ စိတ်တိုင်းကျသောချစ်သူရည်စားရမည်။ စန်းကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၂၊ ၂၊ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင် ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း- +6016 690 3513 ၊ + 6012 9133 093

Facebook: www.facebook.com/swezinwati

E-mail:swezinwati@gmail.com

* မလေးရှား မဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများကို အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးနေပါသည် *

မူရင်းဟောစာတမ်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။