/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 7, 2012

.

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့သည် လမ်းပန်းဆက်သွယ်မှု ခက်ခဲစေရန် တံတားသုံးစင်းမိုင်းခွဲ


ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ အကျိုးစီးပွား ထိခိုက်စေရန်အတွက် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း/တံတားများကို နေ့စဉ်ရက်ဆက် ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ မေလ ၁ ရက် ည ၁၂ နာရီတွင် မြစ်ကြီးနား-ချီဖွေ ကားလမ်းပေါ်ရှိ ဒွန်ဘန်တံတားအား မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် တံတားကြမ်းခင်း နှစ်ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

အလားတူ မေလ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီး လမ်းပေါ်ရှိ လန်နခုနှစ်ရောင်ခြယ် သံကူကွန်ကရစ် တံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်များမှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားကြမ်းခင်း အလျားပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ထို့အပြင် မေလ ၂ ရက် နံနက် ၇ နာရီခန့်တွင် မြစ်ကြီးနား-တနိုင်း ကားလမ်း၊ ဝရာဇွတ်ကျေးရွာအနီး သံပေါင်ဘေလီတံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားညာဘက်အခြမ်း ကြမ်းခင်း နှစ်ပေခန့် ပျက်စီးခဲ့ပြီး အောက်ခံသံပေါင် အနည်းငယ် ကွေးသွားခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့၏ အထက်ပါ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။