/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 13, 2012

.

အကယ်ဒမီ အလှူအဖြစ် လှိုင်သာယာ မီးဘေးသင့်သူများကို စောင်တွေသွား လှူဖြစ်ခဲ့တဲ့ သက်မွန်မြင့်


သက်မွန်မြင့်က အကယ်ဒမီ အမှတ်တရအနေနဲ့ အလှူတွေလုပ် ဖို့စဉ်းစားထားပေမယ့် အကယ်ဒမီရပြီးနောက် ပြင်ဦးလွင်မှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေ ရတာ ကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ဖဖော်ဝါရီ၉ရက်နေ့က ပြင်ဦးလွင်ကို မသွားခင်မှာ လှိုင်သာယာ မီးဘေးသင့်တဲ့သူတွေကို Heart & Soul ထုတ်လုပ်ရေးက ခင်စန္ဒာမြင့်နဲ့အတူ သွားလှူဖြစ်တယ် လို့ သိရပါတယ်။ အလှူနဲ့ပတ်သက်ပြီး သက်မွန်မြင့်က “တခြားနေရာ တွေထက် တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို လှူမယ်ဆိုပြီး လှိုင်သာယာ မီးဘေးမှာ လှူဖြစ်ခဲ့တာပါ။ အိမ်တွေလည်း ဆုံးရှုံးသွားကြတယ်လေ။ လူနှစ်ရာကျော်အိမ်တွေ ပြန် ဆောက်ဖို့ လိုသေးတယ်။ လောလောဆယ်မှာတော့ အခုချိန်မှာ အသုံးလိုမယ့် စောင်တွေလှူခဲ့တယ်။ နောက်ထပ်တော့ စိတ်ကူးထားတာရှိပါတယ်။ ဒါပေမဲ့ အကောင်အထည် မဖော်ရသေးဘူး။ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်နေတော့ ဘာမှ မလုပ်ဖြစ်သေးဘူး”လို့ ပြောပြပါတယ်။

အကယ်ဒမီ ရတယ်ဆိုတာ အနုပညာဘဝလမ်းခရီးမှတ်တိုင်တစ်ခု စိုက်ထူနိုင် သလို အကယ်ဒမီရတဲ့ အတွက် တခြားပြောင်းလဲမှုတော့ မရှိပါ ဘူးလို့ သက်မွန်မြင့်က ပြောပါတယ်။ “အကယ်ဒမီရတယ် ဆိုတာ လွယ်လွယ်ကူကူ နဲ့ရတာမဟုတ်ဘူးလေ။ ကိုယ်က ပိုကြိုးစားဖို့လိုပြီး တာဝန်ပိုကြီးသွားတယ်။ ဒီဆုရတယ် ဆိုတော့လည်း ပရိသတ်က အားပေးလို့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေက ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ပါဝင်ရိုက် ကူးခွင့်ပေးတာ၊ ကိုယ့်အတွက်ခွန်အား တစ်ခုဖြစ်စေတယ်”လို့လည်း သက်မွန်မြင့်က ပြောပြခဲ့ပါတယ်။

မေမွန်မောင်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။