/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 13, 2012

.

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ်ခွဲ ဈေးရောင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့က - ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၊ လောကမာရ်အောင် ရွှေဘုန်းရောင်ဘုရားပွဲတော်တွင် ခင်းကျင်းရောင်းချနေရာ ည (၉း ၀၀) နာရီအချိန်ခန့်တွင် ဘုရားဂေါပကလူကြီးများဖြစ်ကြသော ဦးမင်းအောင်နှင့် ဦးအုန်းမောင်တို့နှစ်ဦးလာရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်စာတန်းကို ဖြုတ်ပေးရန်နှင့် ဖြုတ်ချမပေးပါက ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့ကြပါသည်။

ဟိုပင်မြို့နယ်ခွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငြိမ်းက မည်သူကဖြုတ်ခိုင်းသနည်း ဖြုတ်မချနိုင်ကြောင်း ဈေးဆိုင်လည်းမပိတ်နိုင်ကြောင်းပြန်ပြောရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခိုင်ထွန်းဇော်က အဖြုတ်ခိုင်းကြောင်း ပြောပြကြပါသည်။

ဦးကျော်ငြိမ်းကလည်း ဆိုင်းဘုတ်စာတမ်းဖြုတ်ချဖို့နှင့် ဆိုင်ပိတ်ပစ်ဖို့ တရားဝင်စာထုတ်ပြီးတားနိုင်က စာထုတ်ပေးပါလို့ ပြန်ပြောပြရာ သူတို့ ၂ ယောက် ပြန်ထွက်သွားကြပါသည်။ ခဏကြာသောအခါ လမ်းပိတ်တယ် ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု ဦးမင်းအောင်က လာပြောပြန်ပါသည်။ လမ်းမပိတ်ပါ လမ်းသွားလမ်းလာများ စည်ကားနေခြင်းသာဖြစ်ပါသည်ဟု အင်န်အယ်ဒီအဖွဲ့ဝင်တို့က ရှင်းပြခဲ့ပါသည်။





မတ်လ ၁၁ ရက်နေ့လည်တွင် ဦးကျော်ငြိမ်းတို့အား ဈေးရောင်းခွင့်ပေးသော အိမ်ရှင်ကို ဦးအုန်းမောင်က ဂေါပကရုံးသို့ ဆင့်ခေါ်ပြီး ဒီ/ချုပ်ဆိုင် ရောင်းချခွင့်ပြုသည့်အတွက် နောက်နှစ်ဘုရားပွဲရောက်လျှင်ခင်ဗျားတို့အိမ်ကို ရှေ့တည့်တည့်ပိတ်ပြီး ဆိုင်ခန်းတွေဆောက်မည်ဟု ချိန်းခြောက်သဖြင့် သဇင်အလှပြုပြင်ရေးဆိုင်က ဦးကျော်ငြိမ်းတို့အား ဈေးလာမရောင်းပါရန် တောင်းပန်ခဲ့ပါသည်။ အိမ်ရှင်အား အားနာသဖြင့် ဦးကျော်ငြိမ်းနှင့် လူငယ်အဖွဲ့ဝင်များသည် ပွဲခင်းနှင့်ဝေရာ အခြားနေရာတွင် သွားရောက်ရောင်းချနေကြပါသည်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။