/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 13, 2012

.

သီတဂူ ဆရာတော်ကြီး (၇၅) နှစ်ပြည့် မွေးနေ့ ပူဇာ သဘင်တွင် သီးလေးသီး၊ သီတဂူ ဂီတဉ္ဇလီနှင့် လမင်းအိမ် အဖွဲ့တို့က အနုပညာဖြင့် ပူဇော်

စစ်ကိုင်းတောင်ရိုး၊ မန္တလေး၊ ရန်ကုန် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဗဟုဇန ဟိတဓရ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D, D. Litt) ၏ ၇၅ နှစ်ပြည့် မွေးနေ့ကို မတ်လ ၆ ရက်နေ့က စစ်ကိုင်း တောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပခဲ့သည်။

၇၅ နှစ်ပြည့် မွေးနေ့တွင် တက္ကသိုလ် သံဃာအပါး ၁ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ တို့အား ရွှေတောင်ခေါက်ဆွဲဖြင့် ဆွမ်းကပ်ပြီး သန္တိမဟာဘွဲ့နှင်း သဘင် ခန်းမတွင် ဒေါက်တာမျိုးမြင့်၊ ဒေါက်တာ မြသီတာဆွေ တို့က စာတမ်းများ ဖတ်ကြားခဲ့သည်။ မတ်လ ၅ ရက်နေ့တွင် သီးလေးသီး အဖွဲ့က ဖျော်ဖြေပြီးနောက် မတ်လ ၆ ရက်နေ့တွင် သီတဂူ ဂီတဉ္ဇလီအဖွဲ့ (အလင်္ကာဝတ်ရည် မြန်မာမှု တေးဂီတအဖွဲ့) ၏ “ကြည်ညိုဦးတင် မဟာဗုဒ္ဓဝင်” တေးသရုပ်ဖော် တင်ဆက်မှု၊ တေးသံရှင် များ၏ မြန်မာသံ တေးသီချင်း သီဆိုမှုများဖြင့် တင်ဆက်ခဲ့သည်။

“ကြည်ညိုဦးတင် မဟာဗုဒ္ဓဝင်” တေးသရုပ်ဖော် တင်ဆက်မှုများကို မန္တလေးဇာနည် LBD အဖွဲ့နှင့် ထူးထူးခြားခြား တင်ဆက်ခဲ့သည်။ မတ်လ ၇ ရက်နေ့တွင် လမင်းအိမ် အဖွဲ့က ဖျော်ဖြေပေးခဲ့သည်။ သီတဂူ ဆရာတော် ဘုရားမွေးနေ့ပွဲ သို့ အနယ်နယ် အရပ်ရပ်မှ သီတဂူ အဖွဲ့များ၊ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မူရင်းလင့်က ဒီမှာပါ။ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။