/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 13, 2012

.

‘ချစ်သူရွေးမယ်’ တစ်ကိုယ်တော်စီးရီးကို သင်္ကြန်ပြီးမှပဲ ထွက်ဖြစ်တော့မယ်ဆိုတဲ့ စိုးပြည့်သဇင်

တရားစခန်းတွေဝင်လေ့ရှိတတ်တဲ့ စိုးပြည့်သဇင်က လတ်တလောရိုက်ကူးမှုတွေ မရှိ သေးတဲ့အချိန်အတွင်းမှာ အဘွားနဲ့အတူ တရားစခန်း ၄ ရက်ဝင်ခဲ့ပါတယ်။ တရားထိုင်ရတာ တအားအေးချမ်းတဲ့ အတွက် ခဏခဏ ထိုင်ဖြစ်ကြောင်းပြောတဲ့ စိုးပြည့်သဇင်က “စိုးပြည့်က တရားထိုင်ရတာ သိပ်ကြိုက်တယ်။ သိပ်အေးချမ်းတယ်။ အဲဒီ အချိန်မှာ ကျန်တာ ဘယ်အလုပ်ကိုမှ ခေါင်းထဲ မထား ဘူး။ အဲဒီတစ်ခုတည်းကိုပဲ အားထုတ်တယ်။ ရိပ်သာကထွက်လည်း တရားထိုင်တယ်။ အမြဲတမ်းထိုင်ဖြစ် ပါတယ်။ တရားထိုင် တဲ့အလုပ်က ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်အတွက် အကျိုးရှိပါတယ်။ လောကီ ဘက်မှာဆို ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စိတ်တည်ငြိမ်မှုရှိတယ်။ ဘယ်အလုပ်ကိုမဆို ကိုယ်ဆုံးဖြတ်တော့မယ်ဆိုရင် အမှားအမှန် ကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခွဲခြားနိုင်တယ်။ လောကီ အကျိုးအတွက်ရော၊ လောကုတ္တရာ အကျိုး အတွက်ရော ရအောင် လုပ်တာပါ’ လို့ တရားထိုင်တဲ့ အတွက် ရရှိတဲ့ အကျိုးတွေကို စိုးပြည့်သဇင်က ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ တော့ စတိတ်ရှိုးဆိုဖို့လက်ခံထားတဲ့ အတွက် တရားစခန်းမဝင် ဖြစ်ဘူးလို့ ပြောပါ တယ်။ စိုးပြည့် သဇင်က မတ်လ ၁၂ ရက်နေ့မှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ မင်းထက်တို့နဲ့ ဇာတ်ကား ရိုက်ကူး မှာပါ။ “ချစ်သူ ရွေးမယ်” တစ်ကိုယ်တော် စီးရီးကိုတော့ သင်္ကြန်ပြီးမှ ပဲထွက်ဖြစ် တော့မှာ ဖြစ်ကြောင်း စိုးပြည့်သဇင်က ပြောပါတယ်။ ခိုင်ဝေလွင် မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။