/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 24, 2014

.

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။

“အမြန်ဆုံးလုပ်နိုင်ဖို့လည်း လုပ်နေပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကို လည်း ခေါ် ပြီးတော့ ဆွေးနွေးနေတာပေါ့” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကိုယ်ပိုင်ဂြိုဟ်တုရှိခြင်းအားဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ အခွင့်အရေးရှိတယ်။ မြန်မာနိုင်ငံအတွက်လည်း သတ်မှတ်ပြီးသား၊ ရှိပြီးသားပဲ ကိုယ်က အဲဒီ မှာ မထားနိုင်သေးတာပဲ ရှိသေးတာ။ ကိုယ်က အဲဒီ ကိုယ်ပိုင်ဂြိုဟ်တု ပိုင်ဆိုင်နိုင်ဖို့အတွက် အသုံးပြုနိုင်ဖို့၊ ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားနေတာပေါ့၊ National Satellite ပေါ့” ဟု ပြောကြားသည်။

“နေရာတိုင်းမှာ ဖွံ့ဖြိုးသွားမယ်။ ဆက်သွယ်ရေးအနေနဲ့ ကြည့်မယ်ဆိုရင် တော်ရုံတန်ရုံ ဖိုက်ဘာ မရောက်နိုင်တဲ့ နေရာတွေ၊ တာဝါမဆောက်နိုင်တဲ့ နေရာတွေမှာ ပိုပြီးဖွံ့ဖြိုးသွားမှာပေါ့။ နောက် ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်သွားမှာပေါ့၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နောက်ဆုံး နိုင်ငံတော် လုံခြုံရေးကဏ္ဍ အထိမှာပါ အများကြီး ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

အင်တာနက်ဂျာနယ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။