/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 24, 2014

.

KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့၏ ဒုဦးစီးချုပ် ဂွမ်မော်သို့ ပေးစာ …


gwan-maw-kia-305.jpg

၁၅.၁၁.၂၀၁၄ရက်နေ့တွင် မိုးကောင်း - ဖားကန့် ကားလမ်း လုံးခင်းအနီး ၊ လယ်ပြင် မရောက်မီ ၅မိုင်ခန့် အကွာတွင် ဂျလာရပ်စခန်းမှ ကေအိုင်အေ အင်အား ၄၀ ခန့် မှ ၁၄၃၀ ချိန်မှ ၁၅၃၀ချိန်ထိ ကားလမ်းအား ပိတ်ဆိုပြီး ဆက်ကြေးကောက်ခံခဲ့ပါသည်။ ၎င်းဖြစ်စဉ်အတွက် KIA လက်နတ်ကိုင်သောင်းကျန်းသူတို့၏ ဂျာလာရပ် စခန်းအား ထိုနယ်မြေတွင်းမှ ဖယ်ရှားပေးပါရန် ကချင်ပြည်နယ် နယ်/လုံ ၀န်ကြီးမှစာဖြင့် တရားဝင် အကြောင်းကြားခဲ့ပါသည်။ ထိုအကြောင်းကြားစာအား ဂွမ်မော်သိပါသလား ……

မသိရှိဘူးဆိုလျှင် သင်၏ အဖွဲ့အစည်းသည် စည်းမရှိ ကမ်းမရှိသော အဖွဲ့အစည်း တစ်ခုသာဖြစ်သည်။ အစိုးရမှ မပေးပါဟု မငြင်းဆိုပါရန်လည်း ထပ်မံ ပြောကြားရမည်သာဖြစ်သည်။ ထိုစာကို ရရှိကြောင်း သက်သေများ အစိုးရလက်တွင် ရှိနေပါသည်။

၁၆.၁၁.၂၀၁၄ ရက်နေ့တွင် မန်စီ ၊ ပလောင်ဒိန်ဆာ အနီးရှိ စခန်းလဲလှယ်ရန် လာရောက်သော စကခ ( ၃ ) လက်အောက်ခံ ရှေ့ တန်းအမှတ် ( ၃၁၇ ) ခြေမြန်တပ်ရင်းမှ စစ်ကြောင်း အား KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သည် ၄ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပါသည်။ ထိုဖြစ်စဉ်နှင့်စပ်လျှဉ်း၍ ကချင်ပြည်နယ် နယ်/လုံ ၀န်ကြီးမှ နောင် ထပ်မံမဖြစ်ပွားစေရေးအတွက် စာဖြင့် တရားဝင် အကြောင်းကြားခဲ့ပါသည်။ ထိုအကြောင်းကြားစာအား ဂွမ်မော်သိပါသလား ……

မသိရှိဘူးဆိုလျှင် သင်၏ အဖွဲ့အစည်းသည် စည်းမရှိ ကမ်းမရှိသော အဖွဲ့အစည်း တစ်ခုသာဖြစ်သည်။ အစိုးရမှ မပေးပါဟု မငြင်းဆိုပါရန်လည်း ထပ်မံ ပြောကြားရမည်သာဖြစ်သည်။ ထိုစာကို ရရှိကြောင်း သက်သေများ အစိုးရလက်တွင် ရှိနေပါသည်။

၁၇. ၁၁.၂၀၁၄ရက်နေ့တွင် မော်ဟန် ၊ နမ့်ချီးမော်အနီး ရှိ နယ်မြေခံတပ်၏ လုံခြုံရေး လှုပ်ရှားတပ်စုအား ၁၇၃၀ ချိန်ခန့်တွင် KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့မှ ချောင်းမြောင်းပစ်ခတ်သဖြင့် တိုက်ပွဲ ၅ မိနစ်ခန့်  ဖြစ်ပွားခဲ့  ... တပ်မတော် ဘက်မှ အထိအခိုက်မရှိခဲ့ပါ။ ထိုအကြောင်းအရာကိုရော ဂွမ်မော်သိပါသလား ……

မသိဘူးဆိုလျှင် သင်သည် အဘယ့်ကြောင့် KIA လက်နတ်ကိုင်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန် ယူနေရပါသလဲ။ မိမိအဖွဲ့အစည်း၏ ဖြစ်စဉ်များကို သိရှိမှုမရှိပဲ လူတွေ့မေးမြန်းမှုများတွင် ခေါင်း တွင်တွင်ခါ ငြင်းနေခြင်းသည် သင်၏ သိက္ခာမရှိပုံကို ထင်ဟပ်စေပါသည်။ သင်၏ အဖွဲ့အစည်း ဖြစ်သမျှကို သင်ခေါင်းဆောင်ဖြစ်သည့်အတွက် သိရှိရမည်။ မဟုတ်ပါဘူး ငြင်းဆိုမည်လျှင် သက်သေများ အား ဖော်ပြပေးရမည်သာဖြစ်သည်။

၁၉.၁၁.၂၀၁၄ ရက်နေ့တွင် ၀၂၀၀ချိန်ခန့်  လုံးတုံမှ ၇မိုင်ခန့် အကွာ တောတွင်း၌ ညအိပ်ရပ်နား အခြေပြုနေသော တပ်မတော် စစ်ကြောင်းအား တိုက်ခိုက်ရန် KIA လက်နတ်ကိုင်သောင်းကျန်းသူ အဖွဲ့ အင်အား ၁၀၀ ခန့် မှ ချဉ်းကပ်လာစဉ်အတွင်း တပ်မတော် စစ်ကြောင်း၏ ကာကင်းများနှင့် စတင်ထိတွေ့ ရာမှ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုနေ့  ၁၀၀၀ ချိန်ခန့် တွင်လည်း ကျရပတ္တီး အကျော် ၊ နန့် ကျင်ချောင်းတစ်ဖက်ကမ်းတွင် တပ်မတော် လုံခြုံရေး လှုပ်ရှားကွန်မန်ဒို တပ်စု နှင့် KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် ၁၀ မိနစ် ခန့် ထိတွေ့ မှု ဖြစ်ပွားခဲ့ပါသည်။ ၄င်းနေ့တွင် ၁၂၀၀ ချိန်ခန့်တွင် ကရူးတံတား အနီး ဆမားလမ်းအား ပြုပြင်နေသော တပ်မတော် စစ်ကြောင်းအား KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့ အင်အား ၁၀၀ ခန့်မှ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ပြီး တိုက်ပွဲအား စတင်ခဲ့ပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ်၂၀ ခန့် အကြာ (၁၂ ၂၀ ချိန်ခန့် )တွင် ခရာဘွန် နှင့်  နမ့်ဆန်ယန် တပ်မတော် စခန်းများမှ KIA လက်နတ်ကိုင်သောင်းကျန်းသူတို့၏ တပ်စခန်းများသို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ KIA သောင်းကျန်းသူတို့၏ သင်တန်းသားများ သေဆုံးခြင်း ဖြစ်စဉ်ဖြစ်ခဲ့ပါသည်။ ထို့နေ့တွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စ အ၀၀ကို KIA လက်နတ်ကိုင်သောင်းကျန်းသူ ဒုဦးစီးချုပ်ဂွမ်မော် သင် သိရှိပါသလား ……..

မသိရှိခဲ့ဘူးဆိုလျှင် သင်၏ အဖွဲ့အစည်းအပြင် သင်ကိုယ်တိုင်ကပင် စည်းကမ်းမရှိသော လူတစ်ယောက် ပင်ဖြစ်လေသည်။

မိမိကိုယ်တိုင် ဖြစ်စဉ်များကို မသိသကဲ့သို့နေထိုင်ခဲ့ပြီး မီဒီယာများမှ တဆင့် အစိုးရမှ လိမ်ညာသတင်း ထုတ်လွှင့်သောကြောင့် အစိုးရအပေါ် ယုံကြည်မှုနည်းနေပါသည်ဟုသော ပြောဆိုချက်မှာ သင်၏ သိက္ခာ ပင်ဖြစ်သည်။ အကယ်၍ သင်တကယ် မသိရှိခဲ့ဘူးဆိုလျှင် သင်နှင့် သင်အဖွဲ့သည် စည်းမရှိ ကမ်းမရှိသော လက်နတ်ကိုင်သောင်းကျန်းနေသော အဖွဲ့အစည်းဖြစ်သည်ကို ၀န်ခံချပြခြင်းပင် ဖြစ်ပေမည်။ ထို့ကြောင့် သင်တို့၏ လုပ်ရပ်များသည် အစိုးရနှင့် ပြည်သူကို ယုံကြည်မှုနည်းပါးအောင် ကြံဆောင်ခြင်းသို့မရောက်ဘဲ သင်တို့အဖွဲ့အစည်း၏ သိက္ခာကိုသာ ချပြနေသကဲ့သို့ဖြစ်နေမည်သာ ………

၎င်းအပြင် ....

၂၂ ရက်နေ့ညနေပိုင်းတွင် ဒေါ့ဖုံးယန် နဲ့ လွယ်မောက်ယန်ကြားရှိ ဆီတုံ တပ်မတော်စခန်း ကို KIA အင်အား ၆၀ လောက်ဖြင့် ၆၀မမ မော်တာတွေနဲ့  ပစ်ခတ်ပြီး ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ် … တပ်မတော် မှ လက်နက်ကြီးများဖြင့် KIA လက်နက်ကိုင်သောင်းကျန်းသူ တပ်ရင်း ၂၄ အခြေပြုသည့် သံခမောက် ကုန်းအား သတိပေး ပစ်ခတ်မှုများပြန်လည် လုပ်ဆောင်ခဲ့ပါတယ် .... ၄င်းအပြင် ၅ နာရီ ၅၀ ချိန်တွင် လွယ်ဂျယ်အနီးရှိ လွယ်ရင်းမော် တပ်စခန်းကိုလည်း KIA သောင်းကျန်းသူအဖွဲ့မှ ထပ်မံ ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ် ..... တပ်မတော်မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး KIA သောင်းကျန်သူ အဖွဲ့မှ ပြန်လည် ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်.....

ထိုကဲ့သို့ ၀င်ရောက်ပစ်ခတ်မှုများကို တပ်မတော်မှ KIA သောင်းကျန်းသူအဖွဲ့၏ လူကြီးပိုင်းများကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရှိရပါတယ် .....

သင်ပြောနေသည် ၁၉ ရက်အပြင် နောက်ထပ်ဖြစ်ပွားခဲ့သည် ဖြစ်စဉ်များအား သင်မသိသေးလျှင် သိအောင် ထပ်မံ ဖော်ပြလိုက်ရပါသည်။

မြန်မာပြည်ကြီးအေးချမ်းပါစေ၊ ကလိမ်ချုံ လူယုတ်မာများ၏ ဂုတ်သွေးစုတ်ခြင်းမှ ကင်းဝေးပါစေ။
ME™
From:Phay Sit Gyi

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။