/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 1, 2014

.

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်နောက်ပိုင်း ဆီတိုင်ကီ ဝိုင်ယာရှော့ခ်ဖြစ်၍ လင့်ခရူဇာတစ်စီး မီးလောင်



ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၆၁/၁) အနီး တွင် ယခုလ ၂၇ ရက် ညနေ ၃ နာရီက ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂ ရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ၊ အမြန်လမ်းမီးသတ်တပ် ဖွဲ့ဝင်များနှင့် ရေတာရှည် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ကသွားရောက်ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊(၁၂)ရပ်ကွက် နေ မျိုးမင်းနိုင်(၄၂နှစ်) မောင်း နှင်လာသည့် ၄င/ xxxx လင့် ခရူဇာယာဉ်မှာ ယာဉ်နောက်ပိုင်း ဆီတိုင်ကီမှ ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လောင်ကျွမ်းမှုကြောင့် ယာဉ် တစ်စီးလုံး မီးလောင်၍ ငွေကျပ် သိန်း ၆ဝဝ ဖိုးခန့် ပျက်စီးဆုံးရှုံး ခဲ့ပြီး မျိုးမင်းနိုင်အား သာဂရ အမြန်လမ်းရဲစခန်းက(ပ) ၅/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ကျော်မင်းသော်
The Union Daily

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။