/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 1, 2014

.

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ ၃ သန်းကျော် လက်မှတ်ထိုးပြီးပြီ



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သဘောထား ဆန္ဒ လက်မှတ်ထိုး ထားသူ စုစုပေါင်း ၃ သန်း ကျော်သွားပြီလို့ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ယမန် နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံဖို့ စီစဉ်ထားတာမှာ အခု ချိန်ထိ တိုင်းနှင့် ပြည်နယ် ၁၄ ခုဆီက ရရှိ ထားပြီး သား လက်မှတ်ထိုးစာရင်းမှာ ၃ သန်းကျော် ရှိနေပြီဖြစ်တာကို ထုတ်ပြန်ခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒ ပြု လက်မှတ် ကောက်ခံမှုကို NLD ၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေလည်း နိုင်ငံတွင်း လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင် ရေး လူထုဟောပြောပွဲတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။