/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 1, 2014

.

ထွန်တုံးတိုက်ပွဲ တိုက်ခိုက်ခံရတော့မလား



တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေပေါ်မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲမယ့် တောင်သူတွေကို တပ်မတော် တပ်ရင်း ၄၂ နဲ့ တပ်မ ၃၃ တို့က ပိတ်ဆို့ဝန်းရံထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေမွန် ကျေးရွာမှာ တပ်မတော်က ၁၉၉၁-၉၂ ဝန်းကျင်က သိမ်းထားတဲ့ လယ်မြေတွေပေါ်မှာ တောင်သူ ၃၀ က ထွန်ယက်ပြင်နေချိန် တပ်မတော်အင်အား ၁၀၀ လောက်ကလာပြီး ဝိုင်းထားတာ ဖြစ်ပါတယ်။ နေ့ရက်ကတော့ ဇွန်လ ၃၀ ရက်နေ့ပါ။

ဝန်းရံခံထားရတဲ့ တောင်သူတွေက The Voice ကို ခုလိုပြောပါတယ်။ “အခုလောလောဆယ်အထိ လေးဘက်လေးလံကကနေ ဝိုင်းထားဆဲပါ၊ ကျွန်တော်တို့ကို အပြင်ထွက်ခွင့်မပေးဘူး၊ အိမ်ကိုလည်း ပြန်လို့မရဘူး၊ ရွာထဲက လူတွေကိုလည်း ဒီကိုလာခွင့်မပေးဘူး၊ ဒီည ဒီအထဲမှာပဲ အိပ်ရမယ် ထင်တယ်”

အဲဒီရွာက ယာမြေဧက သုံးရာကျော်ကို တပ်မတော်က သိမ်းယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အထိ သီးစားပြန် ချထားခဲ့တာ ဖြစ်ပါတယ်။ ဒီယာမြေတွေဟာ တပ်မတော် လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့လည်း မြေမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ပြောပြီး ထွန်တုံးတိုက်ပွဲဝင်မယ့် တောင်သူတွေကို ဝန်းရံထားတာ ဖြစ်တယ်လို့ ပိတ်ဆို့ခံနေရတဲ့ တောင်သူ ဦးသန်းဝင်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဆီကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ဆက်သွယ်ပေမယ့်လည်း အုပ်ချုပ်ရေးမှူးက သူ့အနေနဲ့ မသိရှိသေးပါဟု ပြန်လည်ပြောဆိုခဲ့ပါတယ်။

The Voice Weekly
http://thevoicemyanmar.com/index.php/news/item/895-htt

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။