/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 30, 2014

.

တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား

တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့ ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။


‘‘မကြာမီကပဲ သမ္မတကြီး က ဆက်သွယ်ရေးဝန်ကြီးကိုခေါ် ယူပြီး တက္ကသိုလ်၊ ကောလိပ်အား လုံးမှာ အင်တာနက်သုံးစွဲခွင့်ရရှိ အောင် ဦးစားပေးအနေနဲ့ တပ် ဆင်ပေးဖို့ လမ်းညွှန်ခဲ့ပြီးဖြစ်ပါ တယ်။ ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့ နည်းပညာပိုင်းအရ အားလုံးဆောင်ရွက်ပေးမှာဖြစ် သော်လည်း ဘတ်ဂျက် (ကုန်ကျ စရိတ်)နဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာတက္ကသိုလ်၊ ကော လိပ်တွေက တွက်ချက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက လာမယ့် အသုံးစရိတ်မှာပါအောင် ဆောင် ရွက်ရမှာဖြစ်ပါတယ်’’ဟု ဦးတင် နိုင်သိန်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ နှင့် ဆရာ၊ ဆရာမအဆောင်များ၊ စာသင်ခန်းများနှင့် ဌာနများ အတွင်း အင်တာနက်သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စာ သင်ခန်းတွင်းသာမက စာသင် ခန်းပြင်ပတွင်ပါ လေ့လာသင် ယူမှုမြင့်တက်လာစေမည်ဖြစ် ကြောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော် မတီဥက္ကဋ္ဌတာဝန်ယူထားသော သမ္မတရုံးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

‘‘ဒီနေ့ခေတ်က တက္ကသိုလ် ပတ်ဝန်းကျင်တွေမှာ အာရုံတွေ ထွေပြားပြီးတော့ ကျောင်းသား တွေ ပြင်ပကိစ္စတွေမှာ စိတ်ဝင် စားစရာတွေ များပြားနေရာက မိမိတို့ပညာရေးမြင့်မားတိုးတက် လာအောင် ကြိုးစားနိုင်မှာဖြစ်ပါ တယ်’’ဟု အင်တာနက်သုံးစွဲခွင့် ရရှိလာနိုင်သောအခြေအနေနှင့် ပတ်သက်၍ ဦးတင်နိုင်သိန်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာခင် စန်းရီကလည်း ‘‘ကျောင်းတိုင်း၊ ကျောင်းတိုင်းနဲ့ တက္ကသိုလ်တိုင်း၊ တက္ကသိုလ်တိုင်းမှာ အင်တာနက် သုံးစွဲနိုင်ဖို့၊ တက္ကသိုလ်ပရဝဏ် တိုင်းမှာအင်တာနက်သုံးစွဲနိုင်ဖို့ အရှိန်အဟုန်နဲ့ သုံးလအတွင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်’’ ဟု အဖွင့်မိန့် ခွန်း တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ အားပြောကြား သည်။

ဒဂုံတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော တက္ကသိုလ် ဆရာတစ်ဦးက ရုံးခန်းနှင့် အနီး ဝန်းကျင်တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်သော်လည်း လိုင်း ချိတ်ဆက်မှုနှေးကွေးနေပြီး ဖုန်း လိုင်းများလည်း မကောင်းမွန်ခြင်း ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်ရန် ဆောင်ရွက်ပေးနိုင် ပါက ကြိုဆိုကြောင်း ပြောသည်။

‘‘ဒီလ (ဇွန်)မှာ စလုပ်နေပြီ။ ဇူလိုင်လမှာ အပြီးသတ်ဖို့မှန်းထား တယ်။ကျွန်တော်တို့ကျောင်းက တော့ ဒီဘဏ္ဍာနှစ်အသုံးစရိတ် ထဲကပဲ လှည့်သုံးထားလိုက်တယ်။ အခုလည်း အင်တာနက်ပေးထား တာပါပဲ။ ဒါပေမဲ့ နှေးနေတာပေါ့။ နောက်ဆိုရင်တော့ လေး၊ ငါးဆ လောက်မြန်သွားမှာပါ’’ဟု နယ်မြို့တစ်မြို့ရှိ တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးကပြောသည်။

7Day DAILY

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။