/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 30, 2014

.

သန္တိသုခနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုဟု ဦးခင်ညွန့်ပြောကြား

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်သည့်ကိစ္စများအတွက် မည်သည့်မှတ်ချက်မှမပေးလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဇွန်လ ၂၇ ရက်က ပြောကြားလိုက်သည်။


လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးသင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ဒုတိယအကြိမ် တရားရင်ဆိုင်ရမည့် ဇွန်လ ၂၇ ရက် မနက်တွင် ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတော်ကြီး နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် သတင်းများကြောင့် ဦးခင်ညွန့်နေထိုင်ရာအိမ်သို့ သွားရောက်စောင့်ဆိုင်းနေသည့် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟောင်း က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူ၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ပန်းချီပြခန်း၌ လာရောက်စောင့်ဆိုင်းနေကြသည့် သတင်းထောက် နှစ်ဒါဇင်ခန့်အား မဟာသန္တိသုခကျောင်း တော်ကြီးနှင့်ပတ်သက်ပြီး ဦးခင်ညွန့်ရှင်းလင်းပြောဆိုမည့် သတင်းမှာ မဟုတ်မှန်ကြောင်း သူ၏ ဝန်ထမ်းတစ်ဦးကိုလွှတ်၍ ဖြေရှင်းခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ်တိုင် ထွက်ကာ ရှင်းပြခဲ့သည်။

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး ရှင်းလင်းမည်ဆိုသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများအပါအဝင် ပျံ့နှံ့နေသည့် သတင်းများ သည် လိမ်လည်လှည့်ဖြားထားသည့် ကောလာ ဟလသတင်းများသာဖြစ်ပြီး မယုံကြည်ကြရန်လည်း ဦးခင်ညွန့်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

‘‘အလိမ်မခံကြနဲ့’’ဟု အသက်(၇၅)နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးခင်ညွန့်က ပြောသည်။

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး လက်ရှိအချိန်သည် လွန်စွာရှုပ်ထွေးနေသည့် အခြေ အနေဖြစ်ကြောင်းလည်း ဦးခင်ညွန့်က ပြောကြား ခဲ့သည်။

7 days

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။