/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 5, 2014

.

သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ


Photo: သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ
Thursday, June 5, 2014

တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကရင်အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီတို့ ပြုလုပ်သောငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးအား သြဂုတ်လမ ကုန်မီ ပြုလုပ်၍ရသည်ဟု မှတ် ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် သမ္မတကို ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟို ကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလည်ဆုံးသမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်လို့ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

‘‘ကာချုပ်နဲ့က မနက် ၁၀နာ ရီကနေ ၁၂နာရီခွဲအထိ ၂နာရီ ကျော်ကြာတယ်။ သမ္မတနဲ့တော့ ၁နာရီကျော်ကြာတွေ့တယ်။တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဒီနှစ်မကုန်ခင်မှာ ထိုးဖို့နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာစဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြပါတယ်’’ဟု တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်သည့်ဆွေး နွေးပွဲများ၌ တိုးတက်သည့်သ ဘောတူညီမှုများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော် အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွား မည်ဟု ဆုံးဖြတ်ထားပါကြောင်း တွေ့ဆုံပွဲအပြီး တပ်မတော်ကထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ် သက်၍ လူဦးရေအနည်းငယ်သာ ရှိသောတိုင်းရင်းသားမှအစ လူဦး ရေများစွာရှိသော တိုင်းရင်းသား များ အပါအ၀င်ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံးသည်တူညီ သော အခွင့်အရေးများပြဋ္ဌာန်းပေး ပြီးဖြစ်၍ ဥပဒေနှင့်အညီခံစားခွင့် ရရှိရေးလိုအပ်သည့်နေရာများ တွင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက် ရေးတို့အတွက် အခြေခံဥပဒေအ ယူအဆ ၃ ရပ်ပေါ်တွင် မူတည် ၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြပါရှိသည်။

ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးက ငြိမ်း ချမ်းရေးရသည်အထိ ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်

ဦးနှင့်တစ်ဦး အနိုင်ယူအမြတ် ထုတ်ရန်မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည် ဆောက်သွားမည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

ထို့အပြင် အမြင်မတူသည် များကိုလည်းသဘောထားကြီး ကြီးစိတ်ရှည်ရှည်ဖြင့် ညှိနှိုင်း ဆောင်ရွက်မည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲတွင် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌစောမူတူးစေး ဖိုး၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီးစောရောဂျ ခင်၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်နှင့် KNU၏ စစ်ရေးနှင့် နိုင်ငံရေးအ ကြံပေးစောထူးထူးလေးတို့တက် ရောက်ခဲ့ကြသည်။

တပ်မတော်ဘက်မှ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ် ကဲရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်း တို့နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ကေအင်န်ယူအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် (ဓာတ်ပုံ - အောင်သူရ)
7Day Daily

တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန် ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်နိုင်ရန် ကရင် အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။


တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီတို့ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးအား သြဂုတ်လမ ကုန်မီ ပြုလုပ်၍ရသည်ဟု မှတ် ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် သမ္မတကို ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟို ကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလည်ဆုံးသမ္မတကြီးက အသိဆုံး ဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေ ရရှိမယ် လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ် လို့ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

‘‘ကာချုပ်နဲ့က မနက် ၁၀နာ ရီကနေ ၁၂နာရီခွဲအထိ ၂နာရီ ကျော်ကြာတယ်။ သမ္မတနဲ့တော့ ၁နာရီ ကျော်ကြာ တွေ့တယ်။တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဒီနှစ်မကုန်ခင်မှာ ထိုးဖို့နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာစဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြပါတယ်’’ဟု တွေ့ဆုံပွဲတွင်ပါဝင် ခဲ့သူ မြန်မာ့ငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက် သည့်ဆွေး နွေးပွဲများ၌ တိုးတက်သည့်သ ဘောတူညီမှုများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော် အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက် သွား မည်ဟု ဆုံးဖြတ်ထားပါကြောင်း တွေ့ဆုံပွဲအပြီး တပ်မတော်ကထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လူဦးရေ အနည်းငယ်သာ ရှိသောတိုင်းရင်းသားမှအစ လူဦး ရေများစွာရှိသော တိုင်းရင်းသား များ အပါ အ၀င်ပြည် နယ်နှင့်တိုင်း ဒေသကြီးအားလုံးသည်တူညီသော အခွင့်အရေးများပြဋ္ဌာန်းပေး ပြီးဖြစ်၍ ဥပဒေနှင့်အညီခံစား ခွင့် ရရှိရေးလိုအပ်သည့်နေရာများ တွင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက် ရေးတို့အတွက် အခြေခံ ဥပဒေအ ယူအဆ ၃ ရပ်ပေါ်တွင် မူတည် ၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက် တွင်ဖော် ပြပါရှိ သည်။

ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးက ငြိမ်း ချမ်းရေးရသည်အထိ ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ် ဦးနှင့်တစ်ဦး အနိုင်ယူအမြတ် ထုတ်ရန်မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည် ဆောက်သွားမည်ဟု ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။ ထို့အပြင် အမြင်မတူသည် များကိုလည်းသဘောထားကြီး ကြီးစိတ်ရှည်ရှည်ဖြင့် ညှိနှိုင်း ဆောင်ရွက် မည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌစောမူတူးစေး ဖိုး၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီးစောရောဂျ ခင်၊ ဗဟိုအလုပ် အမှုဆောင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်နှင့် KNU၏ စစ်ရေးနှင့် နိုင်ငံရေးအ ကြံပေးစောထူးထူး လေးတို့တက် ရောက်ခဲ့ကြသည်။

တပ်မတော်ဘက်မှ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ် ကဲရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်း တို့နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။

7Day Daily

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။