၁၉၅၈ ခုနှစ် စစ်ဘက်အာဏာသိမ်းပွဲ ကျင်းပချိန်မှ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီအစိုးရအဖြစ် မပေါ်ပေါက်မီ အချိန်အထိ ဗိုလ်နေ၀င်းရဲ့ ပြောပေါက်တွေနဲ့ 
ပြည်သူ လူထုအပေါ် ဆက်ဆံခဲ့ကြတာ ရှင်းပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ပြန်ကြား ရေးဌာနက ၀ါဒဖြန့် ချိရေး သတင်းထုတ်ပြန်ချက်တွေမှာ
အထင်အရှားဖြစ်တယ်။ လက်တွေ့ မှာလည်း ဒီပြောလုံးအတိုင်း ကျင့်သုံးခဲ့ကြတာဘဲ။
သို့ သော် ၂၀၁၀ ခုနှစ် အစိုးရအပြောင်းအလဲပုံစံသစ် ပေါ်ပေါက်လာတဲ့အခါကျတော့ ကိုယ်နှုတ် အမူအယာတွေ၊ လုပ်ဟန်တွေ ပျော့ပြောင်းလာတာ
တွေ့ ရတယ်။ လွတ်လပ်ခွင့်တချို့  ပေးလာတာ တွေ့ ရတယ်။ တလျှောက်လုံးလူထုအဖွဲ့ အစည်းများနဲ့  ကင်းကင်းကွာကွာနေခဲ့တဲ့ စစ်အုပ်စုဟာ
ရောထွေး ယှက်တင်လုပ်လာတာ တွေ့ ရတယ်။ ပြည်တွင်းစစ် စဖြစ်ချိန်ကစပြီးအစိုးရအဆက်ဆက်က လက်နက်ကိုင် အင်အားစုများနဲ့  စကားပြောဖို့ ကို
ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ ရှစ်လေးလုံးအလွန်ကစပြီး လက်နက်ကိုင် နိုင်ငံရေးပါတီများနဲ့  စကားစပြောတယ်။ အပစ်ရပ်ရေးဆိုတာ လုပ်တယ်။
၂၀၁၀ နောက်ပိုင်းမှာတော့ လက်နက်ကိုင်ပါတီများနဲ့  ချောင်းပေါက်အောင်သွားရောက်တွေ့ ဆုံဆွေးနွေးတယ်။ ဒီမိုကရေစီအင်အားစု များနဲ့ လည်း
ရောထွေးယှက်တင် ဆက်ဆံလာတယ်။ ထူးခြားတာ တစ်ခုဘဲရှိတယ်။ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့  တွေ့ ဆုံဆွေးနွေးဖို့  ကမ်းလှမ်းတာမလုပ်ဘူး။
သတိကြီးကြီးနဲ့  ရှောင်ရှားတာတွေ့ ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပျော့ပြောင်းမှုနိုင်ငံရေးလုပ်ဟန်တချို့  လက်တွေ့ ပြလာခဲ့တယ်။ ဦးသိန်းစိန်အစိုးရဟာ
ယခင်စစ်အစိုးရဟောင်းများနဲ့ မတူဘဲ ကိုယ်နှုတ်အမူအယာ အပြောင်းအလဲတချို့ တွေ့ လာရတယ်။ သို့ သော် နှလုံးသားကတော့ သွေးမည်းများနဲ့ လျှံနေတာပါ။
ကြောင်ဆိုတဲ့သတ္တ၀ါဟာ အားလုံးသိတော်မူတဲ့အတိုင်း မောဟဖုံးလွှမ်းတဲ့အဟိတ်တိရစ္ဆာန် မဟုတ်ပါလား။ လူသားတို့ စောင့်ထိန်းအပ်တဲ့
သီလတစ်ပါးဖြစ်တဲ့ သူ့ အသက် မသတ်အပ်ဆိုတဲ့ ပါဏာတိပါတ ကံကို ကြောင်ဆိုတဲ့ အဟိတ်တိရစ္ဆာန်က စောင့်ထိန်းရကောင်းမှန်း မသိနိုင်ပါဘူး။
ဒါကြောင့် အင်မတန်ဖြူဖွေး လှပတဲ့ ကြောင်ဘဲဖြစ်ဖြစ်၊ အကျည်းတန်အရုပ်ဆိုးတဲ့အနက်ရောင်ကြောင်ဘဲဖြစ်ဖြစ် သူ့ ရှေ့ မှာတွေ့ နေတဲ့ ကြွက်ဆိုတဲ့သတ္တ၀ါကို
အလွတ်ပေးရိုးထုံးစံမရှိပါ။ ကိုက်ဖြတ်စားသောက်တတ်တယ် မဟုတ်ပါလား။
ဗမာပြည်လွတ်လပ်ရေးဆိုတာ ရပြီးကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကာလတလျှောက်မှာ ကျေးလက် ပြည်သူ လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ
အနိုင်ကျင့်၊ ဗိုလ်ကျ၊ ရွာမီးရှို့ ၊ ပစ္စည်းယူ၊ လူသတ်ပြီး လူ့ အခွင့် အရေးချိုးဖောက်တယ်လို့  စွပ်စွဲခံရတဲ့စစ်တပ်ဟာ နိုင်ငံ့အာဏာ သိမ်းပိုက်အုပ်ချုပ်
တော့လည်း ဒီမိုကရေစီအင်အားစုနဲ့ ပြည်သူလူထုအပေါ် ဒီမိုကရေစီဆန့် ကျင်ပြည်သူ့ ဆန့် ကျင်ရေး၊ ကွန်မြူနစ်ဆန့် ကျင်ရေးပေါ်လစီကို လှိုင်လှိုင်ကျင့်သုံး
ခဲ့တာဘဲ။ ဒါဟာ စစ်အုပ်စုရဲ့  အရင်းခံ ပင်ကိုယ် လက္ခဏာရပ်ဘဲ။ သို့ သော်ကျင့်သုံးတဲ့အခါမှာ နည်းပရိယာယ် နှစ်သွယ်ကို ကျင့်သုံးတာဘဲ။
ရက်စက်ကြမ်းတမ်းတဲ့ “ဖမ်းဟယ်၊ ဆီးဟယ်၊ သတ်ဟယ်၊ ဖြတ်ဟယ်” ဆိုပြီးကျင့်သုံးသလို (ဒါက ကြောင်နက်ကလေး အသွင်ပေါ့) တစ်ဖက်မှာ
၂၀၁၀ ခုနှစ် နောက်ပိုင်း တစုံတရာလျော့ပေါ့မှု၊ လူထုအဖွဲ့ များ နိုင်ငံရေးအင်အားစုများနဲ့  ရောထွေး ယှက်တင်မှု၊ ငြိမ်းချမ်းရေးလုပ်ဟန်ပြများ ပေါ်လာမှု
စတဲ့ နှစ်လိုဖွယ်အသွင်တချို့ ဆောင်ပြမှုများ (ဒါက ချစ်စဖွယ်ကြောင်ဖြူကလေးအသွင်ပေါ့)တွေ့ လာနေရတယ်။
ကြောင်သတ္တ၀ါဟာ နက်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မောဟဖုံးလွှမ်းတဲ့သားစားသတ္တ၀ါ အမျိုးအစား ဖြစ်တယ်ဆိုတာ သတိပြုရမှာပါ။ ပါဏာတိပါတကံ
ကျူးလွန်ဖို့  စက္ကန့် နဲ့ အမျှ စိတ်ကူးနေတာ သတိပြုရ ပါမယ်။ ဒီသဘောထားဟာနိုင်ငံရေးသဘောတရားတစ်ခု ဖြစ်တယ်။
မဆလ ဗိုလ်နေ၀င်းစစ်အုပ်စုကြီးစိုးစဉ်က ကမ္ဘာမှာခေတ်စားနေတဲ့ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး ကမ္ဘာနဲ့ ဗမာကို လိမ်တဲ့အလံ လွှင့်ထူပြတယ်။
လူတွေကြားထဲ မှိုင်းသွင်းလိုက်တာပါ။ လူထုကလည်း ဆယ်နှစ် ဆယ်မိုး ဖဆပလဆိုရှယ်လစ်အောက်မှာ ခံစားရတဲ့ဒုက္ခကို လွတ်မလားလို့  မျှော်ကြည့်မိကြ ပါတယ်။
အင်္ဂလိပ်အောက်ကလွတ်ပြီး ဂျပန်ဖက်ဆစ်အောက် ရောက်သလိုပါဘဲ။ ပိုမိုဆိုးဝါးတာဘဲ ထူးတယ်။ ဒါကြောင့်လည်း သူ့ ရဲ့ လယ်သမားအပေါ် လိမ်ညာခဲ့တဲ့
ခပေါင်း၊ ဒူးယား နှီးနှောဖလှယ်ပွဲကြီးများ ဆိုတာတွေ၊ တောင်သူလယ်သမားများအတွက် သီးစားခဖျက်သိမ်းရေးဥပဒေတို့ ဆိုတာတွေဟာ နောက်ဆုံး တော့
တောင်သူလယ်သမားတွေရဲ့ စပါးတွေကို အဓမ္မလုယက်မှုတွေကြောင့် အလိမ်တွေ ပေါ်ကုန် တော့တာပါဘဲ။ “ဦးကြီးတို့  ဦးကြီးတို့ ” ဆိုပြီး လယ်သမားတွေကို
လိမ်ခေါ်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ လယ်သမားတွေ ရှစ်လေးလုံးမှာ ဆန္ဒပြတော့ကျည်ဆံကို တည့်တည့်ပစ်ခိုင်းပြီး စစ်အာဏာရှင်သရုပ်ကို ဖော်ပြခဲ့တာဘဲ
မဟုတ်လား။
ဒီလိုပါဘဲ။ အလုပ်သမားအစည်းအရုံးဆိုတာတွေ ဌာနတိုင်း၊ စက်ရုံတိုင်းမှာ ဖွဲ့ ပြီးဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်သယောင် ဆောင်ခဲ့ပေမယ့် ၇၄၊ ၇၅ ခုနှစ်
မေ၊ ဇွန် အလုပ်သမားသပိတ်တွေ ကျတော့ သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲခဲ့တာဘဲမဟုတ်လား။ “မောင်အလုပ်သမားဆိုရင် မေကပင် စတင် ချစ်ချင်” လို့ ဆိုတဲ့
တေးသီချင်းတွေနဲ့  မှိုင်းတိုက်ခဲ့တာတွေ၊ မေ ဇွန် အလုပ်သမား အရေးအခင်းမှာ မျက်နှာဖုံးမှိုင်းပြယ်ပြီး ဘီလူးဖက်ဆစ်ရုပ် ပေါ်ခဲ့ရတာဘဲ မဟုတ်လား။
ရှစ်လေးလုံး အထွေထွေသပိတ် ပေါင်းစုံ တိုက်ပွဲကို ဘယ်လိုချေမှုန်းခဲ့သလဲ။ နိုင်ငံရေးလိမ်ဆင်တွေအားလုံး ဗူးပေါ်သလို ပေါ်ခဲ့တာဘဲ မဟုတ်လား။
ဒီနေ့  ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့  ပေါ်ပေါက်လာတဲ့လွှတ်တော်တို့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံ အရ ပေါ်ပေါက်လာတဲ့ ပြည်နယ်တို့ 
တိုင်းဒေသကြီးတို့ ၊ ရွေးကောက်တင်မြှောက်ခံအစိုးရတို့ ၊ ဒီမိုကရေစီ လမ်းပေါ် လျှောက်နေပြီတို့ ၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ ၊ အပစ်ရပ်ရေး ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတို့ ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလိုက်ရင်တိုင်းပြည်ကြီး ရွှေမိုးငွေမိုး ရွာတော့ မယောင်တို့ ၊ နိုင်ငံခြားက အစိုးရအဖွဲ့ ဝင်များ
တသောသော လာရောက်နေတာတို့ ၊ အနောက်အုပ်စု ကလည်း ဗမာ့တပ်မတော်ကိုစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ မြှင့်တင်ပေးမယ်တို့ ၊ ငြိမ်းချမ်းရေးပိသုကာကြီး
အဖြစ် သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုကြီးပေးတော့မယောင်လေသံလွှင့်နေတာတွေ အားလုံး အားလုံး ကို တစ်ခွန်းတည်းမေးမယ်။ ဒါတွေဟာ
ပြည်သူ့ အကျိုးစီးပွားကိုဆောင်တဲ့ အခင်းအကျင်းတွေလား ဆိုတာပါဘဲ။
ကနေ့  လူမျိုးစုံပြည်သူလူထုရဲ့ သရုပ်မှန်က ဘာလဲ။ စစ်တပ်က လူမျိုးစုပြည်သူများအပေါ် ထိုးစစ် တိုက်စစ်တွေ အပြီးအပြတ် မရပ်သေးဘူး။ စစ်ပြေးဒုက္ခသည်တွေ
မိမိရွာ မိမိမပြန်နိုင်သေးဘူး။ စက်မှုဇုန်လုပ်သားတွေ ထမင်းနပ်မှန်မှန်စားရဖို့ ပင်ပန်းကြီးစွာ သပိတ်တိုက်ပွဲ ဆင်နွှဲနေရတယ်။ အစိုးရနဲ့ အလုပ်ရှင်ပေါင်းပြီး
ဖိနှိပ်တာ ခံနေရဆဲဖြစ်တယ်။ နိုင်ငံထုတ်ကုန်လုပ်ငန်းရဲ့ အခြေခံရိက္ခာ ထုတ်လုပ်တဲ့ လယ်ယာမြေတွေ စစ်တပ်၊ အစိုးရနဲ့ ဗျူရိုကရက်အရင်းရှင်တွေက အဓမ္မသိမ်းပိုက်
ခံနေရတဲ့အတွက် နိုင်ငံထုတ်ကုန်စွမ်းအားစုကို ဖျက်ဆီးရာရောက်နေတယ်။လယ်သမားထုဘ၀ ကြီးစွာသောဒုက္ခ ရင်စည်း ခံနေရတယ်။ လူသားတွေဟာ
နားနေအိပ်စက်ဖို့ ၊ မိုးဒဏ် လေဒဏ် နေဒဏ်မှ ကာကွယ်ဖို့ နေအိမ် အဆောက်အဦရှိရပါမယ်။ ဒီအတွက် အိမ်ယာဆောက်ပြီးနေထိုင်တဲ့ မိသားစုတွေကို
ကျူးကျော် ရပ်ကွက်ဆိုကာ စစ်တပ်၊ ရဲနဲ့  လူဆိုးလူမိုက်တွေ ငှားယမ်းပြီးအဓမ္မ၀င်ဖျက်နေတဲ့သတင်းတွေ အလျှံပယ် ကြားနေရတယ်။ အဲဒီနေရာတွေမှာ
အစိုးရအာဏာပိုင်နဲ့ ခွဲဝေစီးပွားရှာတဲ့ ခရိုနီလို့ လူသိများတဲ့ စီးပွားရေး အုပ်စုတွေကခြယ်လှယ်ခွင့်ရနေတယ်။ လူထုတွေဟာ မိမိတို့ ဘ၀ခံစားချက်တွေ လွတ်လပ်စွာ
စုဝေးဖော်ထုတ်၊ ပြောဆို၊ ရေးသားခွင့်ဆိုတာ အခြေခံဒီမိုကရေစီ အခွင့်အရေးဘဲ။ဒီအခွင့်အရေးဟာ အနောက်ကလာတာလည်းမဟုတ်၊ အရှေ့ ကဖန်တီးတာလည်း
မဟုတ်၊ လူသားသဘာဝ လိုအပ်ချက် ဖြစ်တယ်။ ဒါကို ပုဒ်မ ၁၈ အပါအ၀င်အခြား ဖိနှိပ်ရေးပုဒ်မတွေနဲ့  တရားဥပဒေစိုးမိုးရေးဆိုပြီး မတရား ဖိနှိပ်နေတာ
ကမ္ဘာသိ မဟုတ်လား။
ဒီနေ့ ကြံ့ဖွံ့ အစိုးရဟာ နိုင်ငံတကာ နယ်ချဲ့ သမားနဲ့ အပြိုင် နိုင်ငံဖောက်ပြန်ရေးသမားတွေရဲ့ ကျင့်ထုံး၊ လွတ်လပ် ရေးခေတ် ဖောက်ပြန်ရေးအစိုးရအဆက်ဆက်
ဖောက်ပြန်ရေးကျင့်ထုံးဖြစ်တဲ့ ပျော့ပြောင်းတဲ့ လုပ်ဟန်မျိုး၊ ပွင့်လင်းတဲ့လုပ်ဟန်မျိုး၊တစ်ဖက်က တိုက်ရင်း တစ်ဖက်က နောက်ဆုံးပေါ် သမီးကလေး ကျေးရွာ
လုပ်ရပ်လို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုလုပ်ရပ်များကို ကိုင်ဆွဲထားတယ်ဆိုတာထင်ရှားတယ်။ ဒီလုပ်ဟန်နှစ်ခုစလုံးဟာ ဘာလဲ။ ကြောင်ဟာ ဖြူသည်ဖြစ်စေ၊
နက်သည်ဖြစ်စေ မူရင်းက အသားစား သတ္တ၀ါဘဲဆိုတာဘဲ။ မောဟတရားဖုံးလွှမ်းပြီးအ၀ိဇ္ဇာဦးနှောက်သာရှိတဲ့ သတ္တ၀ါလိုဘဲ။ လူ့ နယ်ပယ်မှာလည်း စစ်အာဏာရှင်ရဲ့ 
မောဟနဲ့  အ၀ိဇ္ဇာဦးနှောက်ဖုံးနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့  အပျော့နည်း နဲ့ အမာနည်း(ခေတ်စားနေတဲ့ သိုးဆောင်းစကားနဲ့ ဆိုရင် Soft Ware နဲ့  Hard Ware ပေါ့ဗျာ)
သုံးနေ တာရဲ့  တစ်ခုတည်းသော အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ဖြစ်နေသေးတယ်ဆိုတာ ထင်ရှားတယ်။ ဒါရဲ့  ရှေ့ တန်းရောက် ပုံသဏ္ဍာန်ဟာ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဘဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သိပြီးပြုပြင်တာတို့ ဆိုတဲ့ စကားလုံးနဲ့  ဖုံးမနေဘဲ ပွင့်လင်းစွာဘဲ စစ်အာဏာ
အငုတ်အတက်ထုတ်ပြီး ဒီမိုကရေစီ ကျသော ပြည်ထောင်စုဖွဲ့ စည်းပုံသစ် ရေးဆွဲ၍ ထိုဖွဲ့ စည်းပုံအသစ်နှင့်အတူ ဒီမိုကရေစီ အစိုးရသစ် ဖော်ထုတ်ရေးသာ ၀ိဇ္ဇာအမြင်
ဖြစ်နိုင်ကြောင်းပါဗျား။
ခမ်းဝင်း
(အလင်းခေတ် ဂျာနယ် အတွဲ ၁ အမှတ် ၇ တွင် ပါရှိသော ခမ်းဝင်း ၏
“ကြောင်ဖြူဖြူ၊ နက်နက် အသားစား တတ်တာတော့ အတူတူဘဲ” မှ
ထုတ်နုတ်ဖော်ပြပါသည်.)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။