/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 7, 2014

.

KIA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ ဇန်န၀ါရီ ၄ ရက်နေ့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ တပ်မဟာ(၅) လက်အောက်ခံ အူရာဘွမ်စခန်းမှ A-၅၅၈၆၇ တသ လထော်ဂျာလ လက်နက်မဲ့ အလင်းဝင်ရောက် လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။


``လွန်ခဲ့တဲ့ ၆ လလောက်က စံကင်းကျေးရွာ အနီး မှာ ရွှေကျင်နေတုန်း အဖမ်းခံရတယ်လို့ ပြောပါတယ်။ နေရတာကလည်း တောထဲမှာ၊ လစာကလည်း ပုံမှန် မရ၊ အစားအသောက်ကလည်း မကောင်းတော့ နဂို ကတည်းက ဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်ခိုင်းတာ ဆိုတော့ လက်နက်မဲ့အလင်းဝင်လာတဲ့ သဘောပါ´´ ဟု ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလင်းဝင်ရောက်လာသူသည် တာလောကြီးရွာသားဖြစ်ပြီး ရွှေကျင်လုပ်ငန်းကို ကျင်းလုပ်သားအဖြစ် လုပ်ကိုင် နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက KIA အဖွဲ့၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံရကြောင်း၊ သူနှင့် အတူဒေသခံလူငယ် အယောက်(၂၀)ခန့် အဖမ်းခံရကြောင်း၊ စစ်သင်တန်းတက်ခိုင်းပြီး KIA အူရာဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်ခိုင်းစဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်း ဆက်လက် ပြောကြားသွားသည်။

အဆိုပါအလင်းဝင်သူနှင့် ဆွေမျိုးတော်စပ်သော တာလောကြီး ရွာသားတစ်ဦးက ``KIA က အတင်းဖမ်းပြီး စစ်သင်တန်းတက်ခိုင်းလို့ ကချင်စစ်သားဖြစ်သွားတာပေါ့၊ အစောကတည်းက ဆန္ဒမပါ တဲ့အလုပ် ဆိုတော့ မလုပ်ချင်လို့ ထွက်ပြေးလာခဲ့တာလေ၊ တာလောကြီးကို ရောက်ရောက်ချင်း မြစ်ကြီးနားကိုသွားပြီး အလင်း ၀င်ခိုင်းလိုက်တယ်၊ သူ့လိုပဲ ဆန္ဒမပါဘဲ အတင်းဖမ်းပြီး KIA စစ်သားလုပ်နေရတဲ့ သူတွေလည်း အများကြီး ရှိနေတယ်လို့ ပြောပါတယ်´´ ဟု ပြောပြချက်အရ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မြစ်ကြီးနားမြို့၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ် ရေးထိုး ထားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

Kachin Daily News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။