/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 7, 2014

.

မြန်မာနိင်ငံသတင်းစာဆရာများကွန်ယက် လက်ရှိတရားစီရင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်



myanmar Journalist Net work(မြန်မာနိင်ငံ သတင်းစာဆရာများကွန်ယက်)က လက်ရှိ တရား စီရင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲကိုယနေ့ င်္နနက်က မြို့နယ်၅မြို့တစ်လျှောက် လမ်းလျောက် ဆန္ဒဖော်ထုတ်နေကြောင်းသိရသည်။


မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန် ချက်

လွိုင်ကော်မြို့နယ် တရားရုံးမှ အမျိုးသမီး သတင်း ထောက် တဦးဖြစ်သည့် မခိုင် ခေါ် နော်ခိုင်ခိုင်အေးချို အပေါ် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၅ လ (တစ်ပေါင်း တည်း ခံစားခွင့်အရ ၃ လ) ချမှတ်ခဲ့ခြင်းသည် သတင်းရယူခွင့်ကို ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးအား မျှတမှု မရှိသည့် တရားစီရင်မှု တစ်ရပ်လည်း ဖြစ်ပါသည်။

နယ်သတင်းထောက်ဖြစ်သူ မခိုင် သတင်းယူရန် တရားလို၏ နေအိမ်သို့ သွားရောက်ရာတွင် သတင်း ထောက် အဖြစ်အသိမပေးခဲ့ခြင်း ကဲ့သို့သော ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်မှ ဝေဘန်မှုများ ရှိနိုင်သော်လည်း ယင်းကဲ့သို့ ပြုမူမှုကြောင့် ပိုင်နက်ကျူးလွန်မှု ကျူးလွန်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ်အပြစ်ပေးခြင်းမှာ မတန်တဆ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ ယူဆပါသည်။

သတင်းထောက် တဦးက သတင်းသွားရောက်ရယူသည့် အဖြစ်အပျက်အား ထောင်ဒဏ်ချမှတ် လိုက်ခြင်းသည် အခြားသော သတင်းထောက်များအနေဖြင့်လည်း လွတ်လပ်သည့် သတင်းရယူခွင့်နှင့် ပတ်သက်ပြီးကြောက်ရွံ့မှုများ ဖြစ်ပွားလာမည် ဖြစ်သည်။

ဥပဒေကျွမ်းကျင်သူများကလည်း ယခုအဖြစ်အပျက်ကို သုံးသပ်ရာတွင် ချမှတ်ခံရသည့် ပုဒ်မများဖြင့် ထောင်ဒဏ်အပြစ်ပေးခံရသည့် စီရင်ချက်မျိုး အလွန်နည်းပါးပြီး ယခုအဖြစ်အပျက်တွင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းသည် အုပ်ချုပ်ရေး အာဏာပိုင်များ၏ ပယောဂ သော်လည်းကောင်း၊ တရားသူကြီး၏ အဂတိ ကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ချခဲ့ကြသည်။

ထို့ကြောင့် ယင်းပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ပေးရန်၊ မြန်မာဂျာနယ်လစ်ကွန်ရက်က သက်ဆိုင်ရာ တရား စီရင်ရေး အဖွဲ့အစည်းများထံသို့ ပေးစာတစ်စောင်ကို ပြစ်ဒဏ်ချမှတ်ပြီး ရက်အနည်းငယ်အကြာ ဒီဇင်ဘာ ၂၁ရက်နေ့က ပေးပို့ခဲ့သည်။

သို့သော် စာပေးပို့ပြီး ၁၀ ရက်ကျော်လာသည်အထိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသဖြင့် ယခုလို ဆန္ဒထုတ်ဖေါ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆန္ဒပြရန် ဆုံးဖြတ်ရသည့် ရည်ရွယ်ချက်မှာ သတင်းမီဒီယာ သမားများ သတင်းရယူစဉ်တွင် ယခု အဖြစ်အပျက်ကဲ့သို့ ရာဇ၀တ်မှု ပုဒ်မများဖြင့် အရေးယူ အပြစ်ပေးခြင်း မပြုရန်၊ တည်ဆဲဥပဒေများကို အသုံး ပြုပြီး သတင်းသမားများ အပေါ်ခြိမ်းခြောက်မှု မပြုလုပ်ရန်၊ နောက်နောင် အလားတူ အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့ပါက ယခုလို ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် အပြစ်ပေးမခံရစေရန် အစိုးရနှင့် တရား စီရင်ရေးဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ယခုဆန္ဒပြခြင်းမှာ မည်သည့် သတင်းဋ္ဌာနအတွက်မှ မဟုတ်ပါ။ သတင်းထောက် မခိုင် တစ်ဦးတည်း အတွက်လည်း မဟုတ်ပါ။ သတင်းထောက်များ အားလုံး၏ သတင်းရယူခွင့် အတွက်သာဖြစ်ပါသည်။ သတင်းအလုပ်လုပ်ကိုင်မှုကို ခြိမ်းခြောက်ခဲ့ခြင်းအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက် နှင့် အခြားသော သတင်းထောက်များ အနေဖြင့် လက်မခံပဲ ကန့်ကွက်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်၊ တရားစီရင်ရေး မဏ္ဍိုင်မှ သိရှိစေရန် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သတင်းထောက် တစ်ဦးဖြစ်သည့် မခိုင်အနေဖြင့် မျှတသည့် တရားစီရင်မှု ရပိုင်ခွင့် ရှိသလို သာမန် အရပ်သားတစ်ဦး၊ နိုင်ငံသား တစ်ဦးချင်းစီတွင်လည်း မျှတသည့် တရားစီရင်မှုကို ရပိုင်ခွင့် ရှိကြောင်းလည်း အလေးအနက် ခံယူထားပါသည်။ သတင်းထောက် တစ်ယောက်၏ အရေးထက်ပိုပြီးလေးနက်သည့် အဓိပ္ဗါယ်ဖြင့်ပြောရလျှင် အာဏာ၊ ငွေအင်အား မရှိသည့် နိုင်ငံသားများအဖို့ တရားမျှတမှု မရှိသည့် တရား စီရင်မှုဒဏ် ခံစားရပါက ယခုကဲ့သို့ တောင်းဆို ပိုင်ခွင့်ရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လေးလေးနက်နက် ယုံကြည်ပါသည်။

Myanmar Journalist Network.

1 comment:

  1. စောက်ရူးတွေသတင်းထောက်ဆိုတာနဲ့ဘဲလုပ်ခြင်တာလုပ်ဆိုပြီးလွှတ်ပေးထားရမှာလား သတင်းမှန်းမသိ
    အတင်းမှန်းမသိစောက်ဆံရရင်ပြီးရောဆိုပြီးရေးခြင်ရာရေးနေတဲ့ဟာတွေနဲတောင်နဲသေးတယ် တခါထဲ
    သတ်ပစ်လိုက်ရမှာ မင်းတို့မီဒီယာသမားဆိုတဲ့ဟာတွေကိုစောက်ထင်ကိုမကြီးဘူး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။