/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 2, 2014

.

ရွှေပြည်သာမြို့နယ်တွင် လူသတ်မှုဖြစ်

၁.၁.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား၊(ဒ/၁၇) ရပ်ကွက်နေ မနုနုဝင်း သည်နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုမင်းမင်းဦး (ဘ)ဦးကြည်ဝင်းမှာ စေတနာလမ်း ထိပ်ရှိ မဲကြီး(ခ)မြင့်ဌေး (ဘ)ဦးတင်ငြိမ်း၏စားသောက်ဆိုင်ရှေ့တွင် ရန်ဖြစ်နေကြောင်းကြားသိရသဖြင့် သွားရောက် ကြည့်ရှုရာ ခင်ပွန်းဖြစ်သူအား ၀ဲနားထင်၊ ၀ဲမျက်ခမ်း၊ ယာတံတောင်တို့၌ ဖူးရောင်ညိုမဲ ပွန်းပဲ့ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပြီး မဲကြီး(ခ)မြင့်ဌေးနှင့် စကားများ ရန်ဖြစ်စဉ် မဲကြီး(ခ)မြင့်ဌေး မှ လက်သီးဖြင့် ထိုးကြိတ်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြသိရှိရသဖြင့် တစ်ရပ်ကွက်တည်းနေ ခင်ပွန်းဖြစ်သူ၏မိခင် ဒေါ်စန်းစန်းအေး၏နေအိမ်သို့ ပို့ဆောင်ထားရှိခဲ့ပါသည်။

၎င်းနောက် ခင်ပွန်းဖြစ်သူသည် မဲကြီး၏စားသောက်ဆိုင်သို့ ထပ်မံသွားရောက်၍ အရက်သောက်ရာ မူးနေ သဖြင့် သိန်းစိုးပါ(၃)ဦးမှ ဒေါ်စန်းစန်းအေး၏ နေအိမ်သို့ပြန်ပို့ပေးပြီးအိပ်စေခဲ့ရာမှ ၁၉၀၀အချိန်တွင် ခင်ပွန်း ဖြစ်သူ ကိုမင်းမင်းဦးမှာသေဆုံးသွား၍ ဒဏ်ရာများရရှိ သေဆုံးအောင်ပြုလုပ်သူ မဲကြီး(ခ)မြင့်ဌေးအား အရေးယူ ပေးရန် တိုင်တန်းခဲ့သဖြင့် လှော်ကားနယ်မြေ ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။