/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 2, 2014

.

မြန်မာသံရုံး ဗုံးခွဲတယ်လို့ယူဆရတဲ့အဖွဲ့ကို အင်ဒိုရဲနှိမ်နင်း၊ ၆ ဦး အသေမိ



အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစီ တယ်လို့ သံသယဖြစ်ခံရတဲ့ စစ်သွေးကြွ အုပ်စု တစုကို အင်ဒိုရဲက ပစ်ခတ် နှိမ်နင်း ဖမ်းဆီးခဲ့ရာမှာ ၆ ဦး အသေဖမ်းမိပြီး ၁ ဦး အရှင် ဖမ်းမိတယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဖော်ပြပါတယ်။


လွန်ခဲ့တဲ့ နှစ် မေလက မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထားသူတွေဆီက ရတဲ့ သတင်းအချက်အလက်နဲ့ အင်ဒို ရဲတပ်ဖွဲ့က ဂျကာတာ မြို့ပြင်တနေရာက အစွန်းရောက်အုပ်စု နေထိုင်ပုန်းအောင်းနေ တယ် လို့ ယူဆရတဲ့ နေရာ တခုကို နှစ်သစ်ကူးည သန်းခေါင်လောက်က သွားရောက်နှိမ်နင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ၉ နာရီကြာ ဖြစ်ခဲ့ရာက အခုလို ဖမ်းဆီးရမိတာဖြစ်တယ်လို့ အင်ဒို ရဲတပ်ဖွဲ့ တာဝန်ရှိသူက မနေ့က ပြောပါတယ်။ 

အခုလို နှိမ်နင်း ဖမ်းဆီးရာမှာ လက်လုပ်ဗုံးတွေ၊ သေနတ် ၅ လက်အပါအဝင် ရူပီးငွေ သန်း ၂ဝဝ ကျော်နဲ့ အခြား ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆီးရမိတယ်လို့ အင်ဒို ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အခုလို စစ်သွေးကြွ အကြမ်းဖက် အစွန်းရောက်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အင်ဒို ရဲတဦးလည်း ဒဏ်ရာ ရခဲ့ တယ်လို့လည်း သိရပါတယ်။ 

The Irrawaddy (Burmese Version)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။