/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 2, 2014

.

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် တောင်ကိုရီးယား နိုင်ငံသားများအတွက် အထိမ်းအမှတ်ကျောက်တိုင် ဆောက်မည်



၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲ လုပ်ကြံမှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ် ကျောက်တိုင် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘော တူလက်မှတ် ရေးထိုးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ Chosunilbo ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံတမန် Lee Baek-soon နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဦးသူရိန်သန့်ဇင်တို့က သဘောတူညီမှု လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီမှုအရ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား နိုင်ငံသားများအတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခွင့် ရမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရုံးမှ တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘောတူလက်မှတ် ရေးထိုး

“အစတုန်းကတော့ ဗုံးပေါက်ကွဲမှု နှစ် ၃၀ ပြည့်ဖြစ်တဲ့ ဒီ ၂၀၁၃ ခုနှစ်ထဲမှာပဲ စိုက်ထူဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက အခြေအနေ အချို့ကြောင့် ကြန့်ကြာသွားခဲ့ရတယ်” ဟု တောင်ကိုရီးယားအစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

“ဒါပေမဲ့ အခုသဘောတူညီချက် လက်မှတ်ထိုးပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ရှေ့နှစ် အစောပိုင်း လောက်မှာကိုပဲ စိုက်ထူဖို့ မြေနေရာ ပြင်ဆင်နိုင်မှာဖြစ်ပြီး နှစ်လခွဲလောက် အတွင်းမှာ အပြီးတည်ဆောက် သွားနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အထိမ်းအမှတ် ကျောက်တိုင်သည် ကွန်ကရစ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ပြီးမှ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့မည်ဖြစ်သည်။

အဆိုပါ ကျောက်တိုင်တွင် သေဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦး၏ အမည်နှင့် ရာထူးများ ရေးသားထားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။