/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 16, 2014

.

ကော့သောင်းမြို့တွင် ရဲအရာရှိတစ်ဦး ရေကန်အတွင်းကျရောက်သေဆုံး မှုဖြစ်ပွား



ကော့သောင်းမြို့ ၊ အေးမြကန်သာရပ်ကွက် ၊ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင် ရေကန် တစ်ခုအတွင်း ရဲအရာရှိတစ်ဦး ကျရောက် သေဆုံး မှု ဖြစ်စဉ် တစ်ခု ဇန်န၀ါရီ ၁၅ ရက် နံနက် ပိုင်း က ဖြစ်ပွား သည်။


ဖြစ်စဉ်မှာဇန်န၀ါရီ ၁၅ ရက် နံနက်(၁၀)နာရီ ခန့် က ကော့သောင်းမြို့ ၊အေးမြကန်သာ ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ မြို့ ရေပေးဝေရေး ပုဂ္ဂလိက ပိုင် ရေကန် တစ်ခုအတွင်း လူသေအလောင်းတလောင်းတွေ့ရှိကြောင်း သတင်းရရှိ သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှတာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင် များ မှ ဆယ်ယူ စစ်ဆေးကြည့်ရှု့ ရာ ကော့သောင်း ၊ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ ၀န်ထမ်း ၊ ရဲအုပ် စိုးမင်း ဆိုသူ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သေဆုံးသူ ရဲအုပ်စိုးမင်း သည် ကျန်းမာရေးမကောင်းသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့် က အေးမြကန်သာရပ်ကွက် တွင် ရှိသည့် ကော့သောင်း ခရိုင် ၊ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက် ဆေးဝါး ကုသမှုခံယူ နေရ သူဖြစ်ပြီး ၊ ဇန်န၀ါရီ ၁၄ ရက် ညပိုင်းတွင် ဆေးရုံမှ ပျောက်ဆုံး သွား သဖြင့် တာဝန်ရှိသူ များ မှလိုက်လံရှာဖွေ နေစဉ် အတွင်း ဇန်န၀ါရီ ၁၅ရက် နံနက်(၁၀)နာရီ ခန့်တွင် ဆေးရုံကြီးနှင့် မနီးမဝေး အဆိုပါရေကန် အတွင်းသို့ ကျရောက် သေဆုံးမှုဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် နှင့် စပ်လျဉ်း ၍ ရဲအုပ်စိုးမင်း သေဆုံး ခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့ မှ ဆက်လက် အရေးယူ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။


MOI Webportal Myanmar

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။