/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 16, 2014

.

ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံချက်ဖြင့် ပြင်ဆင်၍ရသည့် အခြေခံဥပဒေပါ ပုဒ်မများကို အရင်ဆုံးပြင်ဆင်ပါက ပိုကောင်းမည်ဟု ပူးပေါင်းကော်မတီအတွင်းရေးမှူး ပြောကြား

လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်း၏ ထောက်ခံချက်ဖြင့် ပြင်ဆင်၍ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို အရင်ဆုံးပြင်ဆင်ပါက ပိုကောင်းမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ aလ့လာ သုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဇန်န၀ါရီ ၁၅ ရက်တွင် ပြုလုပ်သည့် ပူးပေါင်းကော်မတီအစည်းအဝေးအပြီး ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းနဲ့ ပြင်လို့ရတဲ့ပုဒ်မတွေ အရင်ပြင်လိုက်ရင် ပိုကောင်းမယ်။ ဘာ လို့ လဲဆိုတော့ တချို့အရာတွေက ပြည်သူအတွက် ပိုအကျိုးရှိတယ်။ ဇယား (၁) (၂) မှာ power sharing resource sharing တွေ။ အဲဒါတွေက ပြင်လို့လည်းရတယ်။ပထမဆုံး ပြည်သူတွေအကျိုးခံစားရမှာပဲ။ အခု လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာရှိတယ်။ ပြည်နယ်တွေမှာလည်း အတိုင်းအတာအရ ဘာတွေ လိုနေလည်းဆိုတော့ power sharing resource sharing တွေစကားပြောနေကြတာပဲ။ အန်ကယ်တို့ သာ အဲဒီမှာပြင်ပေးလိုက်လို့ရှိရင် ဘာပဲဖြစ်ဖြစ် အစိုးရလုပ်တာကို အထောက်အကူဖြစ်သွားနိုင်တယ်” ဟု ဦးအေးမောက်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။