/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 16, 2014

.

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖြေဟု ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော



အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံထားသူ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးသာလျှင် အခြေခံဥပဒေ ပြင်ဆင် ရေးအတွက် အဖြေဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ထပ်မံတိုက်တွန်း ပြောကြားသည်။


ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရားဝင် မဖြစ်ခင်မှာ လေးပွင့်ဆိုင် တွေ့ပြီးတော့ ဘယ်လို လုပ်ကြမယ်ဆိုတာ ပြောကြတာ ပိုကောင်း တာပေါ့။ မတူတဲ့ သဘောတွေကို ပိုပြီးတော့ ညှိနှိုင်းရလွယ်မယ်။ အားလုံးသိသွားရင် ညှိနှိုင်းရခက်မယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခြင်းသည် ဒီမိုကရေစီ စနစ်သာလျှင်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး အဖြေမထွက်မီ အဓိက ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းသို့ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လေးပွင့်ဆိုင် တွေဆုံ့ဆွေးနွေးရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုဝင်ဘာလအတွင်း ထုတ်ပြန် ကမ်းလှမ်းထားသည်။

သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက်များကို စောင့်ကြည့် ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ယင်းကဲ့သို့ ငြင်းဆိုမှုများ ရှိသော်လည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို လက်လျှော့မည် မဟုတ်ဘဲ ဆက်လက် တိုက်တွန်း သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောကြားထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။