/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 16, 2014

.

ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်နေခြင်းနှင့် မူးယစ်ဆေးဝါးများ အများအပြား ၀င်ရောက်နေမှုကြောင့် ပြည်တွင်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့များ တိုးချဲ့မည်



မြန်မာနိုင်ငံအနေဖြင့် ဘိန်းထုတ်လုပ်မှု အဆင့်တွင် တစ်ကမ္ဘာလုံး၌ ဒုတိယအများဆုံး ဖြစ်နေခြင်းနှင့် ပြည်တွင်းသို့ မူးယစ်ဆေးဝါးများ အများအပြား ၀င်ရောက် နေမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ များကို တိုးချဲ့ဖွဲ့စည်းကာ စုံစမ်းဖမ်းဆီး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် အန္တရာယ် တား ဆီးကာကွယ်ရေး ဗဟိုမှ ဌာနမှူး ရဲမှူးကြီးမြင့်သိန်းက ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။


ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရောင်းဝယ်ဖောက်ကား သုံးစွဲ သူများကို ထိရောက်စွာ စုံစမ်းဖမ်းဆီး အရေးယူနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး အဖွဲ့ ၂၆ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်အတွင်း ၉၂ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တွင် ရှစ်ရာခိုင်နှုန်း နီးပါး စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့်တွင် ဒုတိယအဆင့် ရပ်တည်နေပြီး ပြည်တွင်း၌ ဘိန်း စိုက်ပျိုးမှုများကို ထိရောက်စွာဖျက်ဆီးခြင်းနှင့် ဘိန်းစိုက်တောင်သူများကို အစားထိုးသီနှံများ စိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် NGO အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရောင်းဝယ်ဖောက်ကား သုံးစွဲ သူများကို ထိရောက်စွာ စုံစမ်းဖမ်းဆီး အရေးယူနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး အဖွဲ့ ၂၆ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း “မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်နေတယ် ဆိုပေမယ့်လည်း အများဆုံးနိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီး ကွာခြားပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆို ရင် ပြည်တွင်းက ဘိန်းထုတ်လုပ်မှု ၈၀၀ လောက်ဆိုရင် အာဖဂန်နစ္စတန်က ၆၀၀၀ လောက်ရှိတယ်။ ဒါ ကြောင့် ဘိန်းထုတ်လုပ်မှုက ပထမနဲ့ဒုတိယ ဆိုပေမယ့် ကိန်းဂဏန်းအရ အများကြီး ကွာခြားပါတယ်။ ဒါ့ အပြင် နယ်စပ်လမ်းကြောင်းကနေ မူးယစ်ဆေးဝါးတွေ အများအပြား ၀င်ရောက်နေတဲ့အတွက် မူးယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို အဖွဲ့ ၅၀ ကျော်အထိ တိုးချဲ့သွားပြီးတော့ ဖမ်းဆီးမှုတွေ တိုးမြှင့်သွား ပါမယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် အန္တ ရာယ် တားဆီးကာကွယ်ရေး ဗဟိုမှ ဌာနမှူး ရဲမှူးကြီးမြင့်သိန်းက ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးပြား ချက်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်းများမှာ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အမြောက်အမြား ၀င်ရောက်လျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် ဆူဒိုအက်ဖီဒရင်း ပါဝင်သည့် အအေးမိ ပျောက်ဆေးပြားများ တရားမ၀င် သယ်ဆောင်ခြင်းသည် အဓိက ခြိမ်းခြောက်လျက်ရှိသော ပြဿနာဖြစ်နေပြီး ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက် ဆေးပြားများအား ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆေးပြားစုစုပေါင်း ၉၃ ဒသမ ၆ သန်း ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှု ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အများဆုံး ဖမ်းဆီးရမိသည့် အအေးမိ ပျောက်ဆေးပြားများမှာ အိန္ဒိယနိုင်ငံမှ အများဆုံး ၀င်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။