/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 10, 2014

.

ပွင့်လင်းမြင်သာမှုမရှိပဲ ပြည်သူကို မှိုင်းတိုက်နေဆဲ ဒေါ်စုကြည်



ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေါ်စုကြည်က - ၅၉(စ) ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကို တော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလား ဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီး တော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”



ဒေါ်စုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင် ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်” ဟု ပြောခဲ့သည်။ ဒေါ်စုကြည် ရွေးကောက်ပွဲ မဝင်ဟုပြောသော် လည်း မည်သည့် ပြည်သူတစ်ဦး တယောက်မှ ဝမ်းမနည်း၊ ဒေါ်စုကြည်ရယ် ရွေးကောက်ပွဲ ဝင်ပါဟု မည်သူ မှ မတိုက်တွန်း။

ထိုအခါ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဝင်ဖာထေးပြီး Nld ရဲ့ ဒေါ်စုကြည်စကား ကို ပြန်အဖတ် ဆယ်ရ၏။ “၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ nld-သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း” - ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်း အဝေးအပြီး ဒေါ်စုကြည်က ရှေ့က အာချောင်ခဲ့သမျှ နောက်က ဖာပြီး ပြောကြားနေရ၏။


nld ပြည်သူကို အကဲစမ်းနေပြီ။ ၅၉(စ) မပြင်နိုင်ဖို့အရေး ပြည်သူအားလုံး တောင့်ထားရမည်။ ၅၉(စ) မပြင်ဆင်ရေးသည် ပြည်သူအားလုံး၏ သမိုင်းပေး တာဝန်ကြီး ဖြစ်ပေသည်။

ကိုရာဇာ

3 comments:

  1. -ကျနော်က မွန်လူငယ်တစ်ယောက်ပါ..ဒေါ်စုကြည်က ကျနော်တို့အတွက်..အရေးလဲ မကြီးဘူး-လိုလဲ မလိုအပ်ဘူး၊-၅၉(စ)ကို-မပြင်သင့်ပါ၊-၅၉(စ)ကို-မပြင်တဲ့ဘက်က အပြည့်အ၀ ထောက်ခံပါတယ်...

    ReplyDelete
    Replies
    1. ဟုတ်တယ် ငါလည်းပြင်ဖို့မလိုအပ်ဘူး လို့ထင်တယ်

      Delete
  2. ဟုတ်ပါတယ်၅၉(စ)ကိုတော့မပြင် ချင် ပါနဲမြန်မာတိုင် ရင်းသားတွေကိုအကာကွယ်မဲ့ဥပ ဒေ တွေကိုပြင်ပေးပါ။ ကျွန်တော်ဗမာတစ်ယောက်ပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။