/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 10, 2014

.

တိုင်းရင်းသားများ ဒုတိယညီလာခံတက်ရန် UWSA ကို KNU ဖိတ်

“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အား လာမည့် ဇန်န၀ါရီလတွင် ကျင်းပမည့် ဒုတိယ တိုင်းရင်းသားညီလာခံတက်ရောက်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က သွားရောက်ဖိတ် ကြားခဲ့သည်။


“၀”အဖွဲ့ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ပြင်ပဆက်ဆံရေးတာဝန်ခံ ဒု-ဌာနမှူးဦးဆမ်ခွန်း၊ ပြော ရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့နှင့် ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်က “၀”ဗဟိုဌာနချုပ်၊ ပန်ဆန်းမြို့တွင် တွေ့ဆုံ၍ ဖိတ်ကြားခဲ့သည်ဟု KNU မှ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော် တစ်ပြည်လုံး အပစ်အခတ်ရပ်ဆိုင်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေ လှုပ် ရှားမှု၊ ဆောင်ရွက်မှုတွေကို သူတို့ကို တင်ပြတယ်။ လာမည့် တိုင်းရင်းသားညီလာခံမှာ သူတို့ကိုယ်တိုင် လာဖို့၊ သူတို့ကိုယ်စားလှယ်ဖြစ်ဖြစ် တက်ရောက်ဖို့ ဖိတ်ကြားတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

UWSA ဘက်မှ ဒုတိယညီလာခံ တက်ရောက်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ဗဟိုကော်မတီအား တင်ပြ၍ ဆွေးနွေးဆုံးဖြတ်ချက်ကို ပြန်လည်အကြောင်းကြားမည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက တကယ်လိုအပ်တယ်ဆိုတာကို “၀”ပါတီ ကလည်း လက်ခံတယ်။ နောက် အခုလာမည့်ညီလာခံကိုလည်း ထောက်ခံအားပေးတယ်။ အားလုံးပါဝင် ဖို့ ဗဟိုကော်မတီစည်းဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချမယ်”ဟု သူက ဆက်ပြောသည်။

လာမည့် ဇန်န၀ါရီလ၂၀ ရက်နေ့မှ ၂၂ ရက်ထိ ကျင်းပမည့် KNU နယ်မြေ လေးဝါးခေါ် လောခီးလာစခန်း တွင် ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံတွင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ် သက်၍ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်၍ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး ပါဝင်တက်ရောက်ရန် မျှော် လင့်ကြောင်း သူက ပြောသည်။

ထို့ပြင် မိုင်းလားအဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ခြင်း မရှိခဲ့သော်လည်း “၀”အမျိုးသားစစ်ဆင်ရေးမှတစ်ဆင့် ပြန်လည် အကြောင်းကြားပေးရန် ပန်ကြားခဲ့သည်ဟု ဖဒိုကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသော ပထမအကြိမ် ညီလာခံတွင် UWSA က အဖွဲ့ခေါင်း ဆောင်များ ကျန်းမာရေးအကြောင်းပြ၍ တက်ရောက်လာခြင်း မရှိခဲ့ပေ။

ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့မှ ခေါင်းဆောင်များက တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ပါ မူကြမ်းကို ရေးဆွဲနိုင်ခဲ့သလို၊ တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ NCCT ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ် သည်။

Mizzima

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။