/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 10, 2014

.

မန္တလေးအမှိုက်ပုံမှ လျှပ်စစ်ထုတ်ယူရန် မန်းစည်ပင်နှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းမည်



မန္တလေးမြို့တွင် အမှိုက်မှ လျှပ်စစ်ဓာတ်အား ၁၄ ဒသမ ၈ မဂ္ဂါဝပ်ထုတ်နိုင်မည့် စက်ရုံကို မန္တလေးမြို့ တော်စည်ပင်နှင့် ထိုင်းနိုင်ငံ Organic Group Thailand ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ထုတ် လုပ်သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနစုမှူး ဦးမင်းအောင်ဖြိုးက ပြောသည်။


လျှပ်စစ်ထုတ်ယူနိုင်မှုပမာဏသည် မန္တလေးမြို့ရှိ စက်မှုဇုန်များမှ သုံးစွဲသည့် လျှပ်စစ်ပမာဏ၏ သုံးပုံ တစ်ပုံကျော် ဖြည့်ဆည်းနိုင်မည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် နေ့စဉ် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ မဂ္ဂါဝပ် ၃၀၀ ကျော်ရှိပြီး စက်မှုဇုန်များမှ နေ့စဉ်မဂ္ဂါဝပ် ၄၀ သုံးစွဲလျက်ရှိကြောင်း၊ မန္တလေးခရိုင် မြို့နယ်ခုနစ်မြို့နယ်မှ နေ့စဉ်လျှပ် စစ်သုံးစွဲမှုပမာဏ မဂ္ဂါဝပ် ၁၇၀ ရှိကြောင်း တိုင်းလျှပ်စစ်ရုံးမှ သိရသည်။

အဆိုပါစက်ရုံကို မန္တလေးမြို့ တောင်အင်းမြောက်အင်းရှိမြေ ၁၂ ဒသမ ၃၅ ဧကပေါ်တွင် လာမည့်၂၀၁၅ ခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး နှစ် ၃၀ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံက Organic Group Thailand ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ တစ်ရက် ကို လျှပ်စစ်ဓာတ်အား ၁၄ ဒသမ ၈ မဂ္ဂါဝပ် ထွက်ရှိတဲ့ စက်ရုံ တည်ဆောက်သွားမှာဖြစ်ပါတယ်၊ လက်ရှိ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့လုပ်နေပါပြီ”ဟု ဌာနစုမှူးဦးမင်းအောင်ဖြိုးက ပြောသည်။

အဆိုပါစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် စက်ရုံမှ အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက် ခွဲ ခြားပြီး အမှိုက်စိုများအား လေမပါ ပိုးမွှားချေဖျက်ခြင်းဖြင့် ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ဇီဝဓာတ်ငွေ့အား အီသိန်းဓာတ်ငွေ့ရည်အဖြစ်သန့်စင်ခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်ခြင်းမှ ကြွင်းကျန်သော ချေဖျက်ပြီးအကြွင်း အကျန်များနှင့် အမှိုက်ခြောက်များအား မီးရှို့ကာ ထွက်ရှိလာသော Syngas အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ကျန်ရှိသော အမှိုက်များမှ အသုံးပြုနိုင်သောအရာများကို ဖယ်ထုတ်ကာ Recycle ပြု လုပ်ကာ ဖန်ခွက်၊ ပလပ်စတစ်များကို ပြန်လည်ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်သွားမည်။

Photo - Internet

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။