/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, September 21, 2013

.

ရွာသားများ က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်



လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသား များ ပဋိပက္ခဖြစ်ပြီး ရွာသားများက ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ ၀င်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင် ခဲ့ရသော ဖြစ်စဉ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့-


ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ် ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန် လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချ ပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ” ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။

“ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက် လာတယ်။ လည်ပင်း ကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်”ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း အထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ် က ပြောကြားသည်။

၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည် အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာ ကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးနေပြည်တော် ခုတင် တစ်ထောင် ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာ မပြုခဲ့ကြောင်းေ ဒသခံရွာသားများထံမှ သိရသည်။

“တရားခံအိမ်ကိုဝင်ပြီး ဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသား သုံးရာကျော်လောက် ၀ိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်”ဟု ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_3844.html#.Uj0LT1MR8YI

6 comments:

  1. ဝဲကြီး တစ်ရွာ လုံး မီးရှို့ ပစ် ပါ။ နောင် အုပ်ချုပ် ရန် ခက်ခဲ သွားလိမ့်မည်။

    ReplyDelete
  2. သားသမီးမကောင်းမိဘခေါင်း မဟုတ်တော့ပါဘူး
    မိဘမကောင်းလို့သားသမီးတွေခေါင်းပေါ်ပုံလာခဲ့ပါတယ်။
    ပေးစရာရှိတာမပေးခဲ့လို့ လုပ်စရာရှိတာတွေလဲမလုပ်နိုင်တော့ဘူး၊
    ရှေ့ဆက်ဘယ်လိုလုပ်ကြတော့မှာလဲ၊ကိုလူမျိုးကလဲမကြည်၊ သူများကလဲမကြည်
    ပြင်ဆင်ဖို့သင့်ပြီ၊ပြည်သူကအဘက်ဘက်ကမကြည် ဖုန်းပေးမယ်ဆိုလည်း အပြင်မှာ မတန်တဆ
    ဈေးပေးပြီး ၀ယ်နေရတယ်
    အရပ်သားမပြောနဲ့ ၀န်ထမ်းတောင် ၀ယ်မကိုင်နိုင်ဘူး၊နောက်ဆုံးတော့ မိဘကိုမကြည်တာနဲ့
    သားသမီးများကို ခေါင်းပေါ်ပုံလာခဲ့ပါတယ်။

    ReplyDelete
  3. ၀ဲကြီးရွာ မီး၇ိုးလိုက်ပါ
    ပညာမတက်တော့ အသိဥာဏ်မရှိ ပြည်သူတွေကို စစ်သားလုပ်
    ခိုင်းရမယ်၊ရဲလုပ်ခိုင်းရမယ်၊၀န်ထမ်းအကုန်ုလုပ်ခိုင်းရမယ်
    မလုပ်မနေရ၊အနည်းဆုံး ၀န်ထမ်းတစ်ယောက်တော့လုပ်ခိုင်းရမယ်
    နိုင်ငံ့ဝန်ထမ်းတွေဘယ်လိုပင်ပန်းတယ်ဆိုတာနားမလည်ဘူး
    ဒါမှနားလည်မှာပါ

    ReplyDelete
    Replies
    1. မှားမှန်တာနောက်ထား
      အရေးကြုံလျှင်သွေးစီး
      ညီညွတ်တဲ့ ဝဲကြီးရွာသား
      တွေကိုအလေအနက်
      ဂုဏ်ပြုပါတယ်

      Delete
  4. အလကားနေရင်းတော့ ဒီလိုမလုပ်လောက်ပါဘူး
    တစ်ဖက်က ရဲ ဆိုတော့လဲ ..................
    ဆားပုလင်းနှင်းမောင်လိုဖြောင့်မှန်တဲ့ ရဲတွေဆိုတာ ၀တ္တုထဲမှာပဲဖတ်ဖူးတယ်
    အပြင်မှာတော့ မတွေ့ဖူးပါ
    အဲဒီတော့ နည်းတယ်လို့ပဲပြောလိုက်ချင်တယ်

    ReplyDelete
  5. ရဲကလည်းရဲတို့ရဲ့ တာဝန်နဲ့ဝတ္တရားကိုတိတိကျကျနဲ့ဆောင်ရွက်မယ်၊ ကျေးရွာအုပ်ချုပ်ရေးမှုးကလည်း မိမိရပ်ရွာကို သေသေချာချာ စီမံခန့်ခွဲအုပ်ချုပ်နိုင်မယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာစရာအကြောင်းမရှိပါဘူး
    ရွာသားတွေ ပညာမတတ်တာကို အပြစ်ပြောလို့မရပါဘူး .. ရွာသားတွေ ပညာတတ်ဖို့နိုင်ငံတော်အစိုးရအနေနဲ့ အရင့် အရင်က ပညာရေးဝန်ဆောင်မှုတွေလုပ်ပေးခဲ့ဖူးသလားဆိုတာပြန်ကြည့်ရမှာဖြစ်ပါတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။