/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, September 21, 2013

.

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ ယနေ့ စတင်မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီဝင်များ တက်ရောက်မည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိ ယ အဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စတင်ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံးချုပ်၌ စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် အရပ်ဘက်လူမှု အဖွဲ့ အစည်းများ၊ အစိုးရ အဖွဲ့များ စသည်ဖြင့် စုစုပေါင်းအဖွဲ့ ၅၂ ဖွဲ့နှင့် ဥပဒေ ပညာရှင်များကိုပါ ဖိတ်ကြား ထားကြောင်း သိရသည်။


"ဆရာ့ကို ၂၂ ရက်မှာ ဟောပြောပေးဖို့ ဖိတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်း သားတွေအတွက် တရားမျှတမှုရှိပြီး ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံတစ်ခု လိုအပ်တယ် ဆိုတဲ့အကြောင်း ဟောပြောမယ်" ဟု ဆွေးနွေးပွဲ တက်ရောက်မည့်သူ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ် အဖွဲ့များ ပါ ဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယား ပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ် အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ် ခဲ့ပြီး ဖြစ်သည်။

ယခင်ပြုလုပ်ခဲ့သည့် အကြိမ်များ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုတတိယအကြိမ် ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်မည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယားနှင့် မွန်လက် နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အင်အားစုများ ပါဝင်မည်ဖြစ်ပြီး ရခိုင်၊ ကရင်နှင့် ချင်းနိုင်ငံရေး အင်အားစု များလည်း လေ့လာသူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။