
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်း တွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင် သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင် ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း
တွင် Daily Eleven သတင်းစာသို့ ပြောကြား ခဲ့သည်။
ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်း များမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာ လမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီ လမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်း လမ်းနှင့် အောက်ပုဇွန်တောင်လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်း မှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ်
ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါ တယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြား ခဲ့သည်။
"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေ ရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါ
ပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ်တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်
ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။
Eleven Media Group
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။