/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 25, 2013

.

မြန်မာ့အင်တာနက်သုံးသူများ စိတ်ရှည်သည်းခံကြလေကုန်



အင်မတန်ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမပြောနဲ့၊ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေလောက်ကို မမြန်ပဲ အလွန်နှေးတဲ့ မြန်မာ့အင်တာနက်ဟာ လူတွေ အပြောမှာ လိပ်ကို ကြိုးတုတ်လွှတ်လိုက် သလိုပဲ လို့ ပြောစမှတ် ပြုကြပါတယ်။


အခု မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေကို အသိပေးလိုက်တာကြောင့် ကြိုးတုတ်လွှတ်လိုက်တဲ့ လိပ် အပြေးနှုန်း ထက် ပိုနှေးရပါတော့မယ်။ 

ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းမှာ ချို့ယွင်းမှု ဖြစ်ပွားခဲ့ လို့ နိုင်ငံတကာ တယ်လီဖုန်း ခေါ်ဆို မှုနဲ့ အင်တာနက် တွေကို မပြတ်တောက်ရုံသက်သက်ပဲ ထိမ်းပြီးချိတ်ဆက်ပေးထားတယ်တဲ့။ 

ဒီလိုမျိုး အင်တာနက် ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုကို ပြင်ဆင်ဖို့အတွက် ၁ လ လောက် ကြာမယ်လို့ ခန့်မှန်းထားတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး ရဲ့ အသိပေးချက်မှာ ပြောထား တယ်။ 

ဒီတလတော့ နှေးသည်ထက် နှေးတဲ့ မြန်မာအင်တာနက် အမြန်နှုန်းကို မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေ ထုံးစံ အတိုင်း စိတ်ရှည်သည်းခံတော်မူကြပါကုန်လေ။ 


အပေါ်ပုံမှာ - ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊ ဓာတ်ပုံ- thetechjournal.com

Credit : http://blog.irrawaddy.org/2013/07/blog-post_3686.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။