/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 25, 2013

.

နောက်ဆုံးပေါ် လျှပ်စစ်ဓာတ်အားပေးစက်

အနာဂတ်မှာ ခေတ်စားလာမယ့် နောက်ဆုံးပေါ် လျှပ်စစ် ထုတ်တဲ့ စက်ကို နာဆာမှာ အလုပ်လုပ်ကိုင်နေ တဲ့ အိန္ဒိယလူမျိုး သိပ္ပံပညာရှင် တဦးက တီထွင်ထားပါတယ်။



အဲဒီစက်ဟာ အိမ်တခုလုံးမှာ ရှိတဲ့ ရေခဲ့သေတ္တာ၊ လေအေးပေးစက်၊ အိမ်သုံးရိုးရိုးလျှပ်စစ်မီး၊ ပါဝါမီးတွေက အစ အသုံးပြုလို့ရတဲ့ လျှပ်စစ် ဓာတ်အားကို ထုတ်ပေးပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း မဖြစ်စေတဲ့ နည်းစနစ်နဲ့ တီထွင်ထားတာလို့ သိရပါတယ်။ 

အဲဒီ ကိုယ်ပိုင်လျှပ်စစ်မီး ထုတ်တဲ့ စက်တလုံးဟာ အမေရိကန် ဒေါ်လာ ၃၀၀၀ လောက်ပဲ ပေးရပြီး သူ့ရဲ့ ဘက်ထရီ ကိုတော့ ၂ နှစ်/ ၃ နှစ်ကြာရင် အသစ်တော့ ပြန်ဝယ်ရပါမယ်တဲ့။ ဒီစက်နဲ့ အိမ်မှာ လျှပ်စစ်မီး သုံးတော့ မီတာကြေးတွေ ဘာတွေ ဆောင်စရာလည်း မလိုတော့ဘူးပေါ့။ 

အခု ဆိုရင် အမေရိကားမှာ ကော်ပိုရေးရှင်းကြီးတွေကပါ အဲဒီ လျှပ်စစ် ထုတ်တဲ့ စက်ကို အပြိုင်အဆိုင် မှာယူ ၀ယ် နေကြပါတယ်။ 

အရင်ကတော့ ကော်ပိုရေးရှင်းကြီးတွေက လျှပ်စစ်ထုတ်စက်ကြီးတွေကို ဒေါ်လာ သိန်းချီ ပေး ၀ယ်နေရတဲ့ စရိတ်ကြီးမြင့်မှုတွေရှိခဲ့ပါတယ်။ 

အခုတော့ ကုန်ကျစရိတ် အလွန်သက်သာပြီး အဆင်ပြေတဲ့ နောက်ဆုံးပေါ် လျှပ်စစ်မီးစက်ဟာ မြန်မာပြည် အတွက် အလွန်အသုံးတည့်မယ် ထင်ပါတယ်။ 

လျှပ်စစ်မီး ပုံမှန်မရမယ့် အတူတူ ဒီလို မီးစက်မျိုးကို ၀ယ်ယူအသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေကြမယ် ထင်ပါတယ်။

Credit : http://blog.irrawaddy.org/2013/07/blog-post_4431.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။