/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, July 27, 2013

.

ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်အား လွှဲပြောင်းခြင်း အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ဖိတ်ကြားထား

ပြည်ထောင်စုလွှတ်တော် နာယက တာဝန်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် လွှဲပြောင်း လက်ခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။


ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်းလက်ခံခြင်း အစီအစဉ်ကို ထည့်သွင်း ဆောင်ရွက်မည် ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော်၏ ဇူလိုင် ၂၄ ရက် ရက်စွဲပါ အစည်းအဝေး ဖိတ်ကြားချက်အရ သိရ သည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်အား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ စတင်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို လက်ခံဆောင်ရွက်ခြင်းမှာ ယခုဇူလိုင် ၃၁ ရက်တွင် လပေါင်း ၃၀ ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ လွှဲပြောင်းခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းမည့် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအား တက်ရောက် ရန် ဖိတ်ကြားထားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။