/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 5, 2013

.

အမျိုးစောင့်ဥပဒေ ထောက်ခံ လက်မှတ် ၁ သန်းကျော်ရရှိ


uwirathu-myo-saunt-law-305.jpg

အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေး အတွက် ထောက်ခံကြောင်း လက်မှတ်တွေ ကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ကောက်ခံနေရာ ဒီကနေ့ ဇူလိုင် လ ၄ ရက်နေ့အထိ ထောက်ခံထားတဲ့ လက်မှတ်ပေါင်း တစ်သန်းကျော်သွားပြီလို့ အထက်မြန်မာပြည်မှာ ဦးဆောင်လှုပ် ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။


ဒီအမျိုးစောင့် ဥပဒေထောက်ခံလက်မှတ်တွေရရှိဖို့ စုဆောင်းတဲ့နေရာမှာ နိုင်ငံရေးပါတီတွေက ကူညီပေး ပြီး တစ်ချို့မြို့နယ်တွေမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တားဆီးမှုတွေကို ကြုံတွေ့ရတာရှိတယ် လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌန်းနိုင်ဖို့အတွက် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ ဒကာ ဒကာမတွေက မန္တလေး မြို့မှာ လက်မှတ်တွေကို စုဆောင်းနေတာပါ။

အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူ နေတာဖြစ်ပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ဦးဆောင်ကောက်ယူ နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်တွေကို ၃၇ လမ်းနဲ့၃၈ လမ်းကြားမှာရှိတဲ့ ၈၁ လမ်း နဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ လမ်း ၈ဝ စတဲ့နေရာ တွေမှာ မဏ္ဍပ်ဖွင့်လှစ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။ 

Credit : http://www.rfa.org/burmese/news/myo-saunt-law-signature-campaign-07042013104124.html

1 comment:

  1. ရန်ကုန်မှာလည်း စုဆောင်းသင့်ပါတယ်.... ရန်ကုန်မှာဆို ကိုယ့်ဘာသာဝင်အားလုံးနီးပါး ပါဝင်လာနိုင်မယ်လို့ယုံကြည်ပါတယ်...
    ရန်ကုန်မှာ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်..

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။