/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 5, 2013

.

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ရှင်းလင်း ဖြေကြားချက်

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားပြောဆိုနေမှုများအတွက် ပြည်ပသတင်းဋ္ဌာနများ၏ မေးမြန်း ချက် များကို ရှင်းလင်း ဖြေကြားချက် အကျဉ်းချုပ်။ (၂-၇-၂၀၁၃ နှင့် ၃-၇-၂၀၁၃)

(စကော့တလန် ဆန်းဒေးတယ်လီဂရပ်သတင်းဋ္ဌာန၊ သြစတေးလျသတင်းဋ္ဌာန၊ စင်္ကာပူ CNA သတင်းဋ္ဌာနများ၏ မေးမြန်းချက်များကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်းမှ ဆရာ ဓမ္မစက္က ဦးမောင်မောင်က IDF ရုံးချုပ်၊ ယုဇနဥယျာဉ်မြို့တော်တွင် တွေ့ဆုံ ဖြေကြားချက်)


အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့်သမားဆိုသူများကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါဟာလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊ သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်သင့်ပါတယ်။

အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်းအကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။

တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။ ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊ ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။

ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။

တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက် အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။ ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။

ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။

ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။

ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။

ဓမ္မစက္က ဦးမောင်မောင်

Credit : http://www.yeyintnge.com/2013/07/blog-post_6805.html#.UdZfEKxYWSo

3 comments:

  1. မှန်​လိုက်​​လေခြင်း၊လူ့အခွင့်​အ​ရေး​အော်​​နေတဲ့သူ​တွေကိုလဲပြန်​ကြည့်​ပါဦး၊အ​ဖေကမြန်​မာလူမျိုး​တွေကိုချစ်​တယ်​သမီးကကုလားဖြူကိုချစ်​တယ်​၊သူက​နောက်​လင်​ကုလားမဲကိုလိုချင်​လို့လူ့အခွင့်​အ​ရေးဆိုပြီးထ​အော်​တယ်​၊ကုလားကိုလိုချင်​ဗလီ​ပေးကမ်းစာကိုစားချင်​တဲ့​နောက်​လိုက်​​တွေက​ရောအရူးချီးပန်းနဲ့၊မ​ပြောပါနဲ့ဦးရယ်​သူတို့​သွေး​တွေကအ​ရောခံလိုက်​ရပြီလားမှမသိတာ။

    ReplyDelete
  2. မိန်းမတွေ အရေးကို မိန်းမတွေကို ပေးလုပ်ကြပါလား
    ဘာဖြစ်လို့ ယောကျာင်္း ရင့်မကြီးတွေ ဝင်ပါနေကြရတာလဲ။ ပိုဆိုးတာက ကိလေသာ
    အနှောင်အဖွဲ့ ကင်းအောင် သာသနာ့ဘောင်
    ဝင်သွားကြပြီးမှ မိန်းမအရေး တို့ အရေးလို့
    ခံယူကြွေးကြော် သင်္ဃန်းတဖားဖားနဲ့ တက်ကြွစွာ
    ဦးဆောင်လှုပ်ရှားနေတာကို မြင်ရလို့ပါ။
    တကယ်တော့ မိန်းမတွေ ဟာ ခင်ဗျားတို့
    ယောင်္ကျားကြီးတွေထက် ပိုပြီးစောင့်ထိန်းနိုင်ကြပါတယ်
    ဒီ မြန်မာနိုင်ငံမှာ မိန်းမဦးရေဟာ ယောကျာင်္းဦးရေ
    ထက် ရာခိုင်နှုန်း ပိုများပါတယ်။ ဒါပေမဲ့ အရက် ဘိန်း
    မူးယစ်ဆေး သုံးစွဲမှု မှာ ဘယ်သူတွေ အများဆုံး
    သုံးစွဲကြသလဲ။ လောင်းကစားမှုမှာ
    စီးပွားပျက်လောက်အောင် ဘယ်သူတွေ
    အများဆုံးလုပ်ကြသလဲ။
    ဒုစရိုက်မှုမှာရော ကျူးလွန်သူ အများစုက ဘယ်သူတွေလဲ။
    အိမ်ထောင်ရေးဖေါက်ပြန်မှုတွေ အပြင်မှာ အပျော်အပါး
    လိုက်စားတာတွေကို ဘယ်သူတွေ အများစု ကျူးလွန်
    ကြသလဲ။ အိမ်ထောင်ပြိုကွဲပြီး မိသားစု
    တကွဲတပြားဖြစ်နေကြတာတွေမှာ ဘယ်သူတွေက
    အများဆုံး ကျူးလွန်နေတာလဲ။ တလင်တမယားစနစ်ကို
    မိန်းမတွေဟာ ပို့ပြီးစောင့်ထိန်းကြပါတယ်။
    ဒါကြောင့်လဲ လင်ဆိုးမယားတဖားဖား ဆိုတဲ့ စကား
    ပေါ်လာတာပေါ့။
    တခါ ဘုရားသွား ကျောင်းသွား ဥပုဒ်သီတင်း
    ဆောက်တည်မှု ဝတ်တက်ဝတ်ရွတ်မှုတွေမှာ
    ယောကျာင်္းနဲ့မိန်းမ ဦးရေ ဘယ်သူပိုများသလဲ။
    တရားပွဲတွေမှာ ဘယ်သူအများဆုံးလဲ။
    တခါ ဘီယာအရက်ဆိုင်တွေ KTV တို့ MASSAGE
    တို့ မှာ ဘယ်သူအများဆုံးလဲ။
    ကုန်ကုန်ပြောမယ်
    ကိုယ်မွေးတဲ့ သမီး ကိုယ်ပြန်ကျင့်ကျန်တဲ့ ဖခင်တွေသာ
    ရှိမယ်။ (အင်မတန်မိုက်ရိုင်းပြီး တိရိစ္ဆာန်အသိစိတ်နဲ့
    ဖခင်မျိုးပေါ့။)
    မိခင်တွေဟာ ကိုယ့်သားကို ကိုယ်ပြန်ပြီး
    မဖေါက်ပြားကြဘူး။
    ကဲ အပေါ်က အချက်တွေကိုကြည့်။
    ယောကျာင်္းနဲ့ မိန်းမ ဘယ်အစားက ပိုပြီး ဖေါက်ပြန်မှု
    ရှိသလဲဆိုတာ။ တချို့ ဖေါက်ပြန်မှုတွေမှာဆို
    ကျူးလွန်တဲ့ ယောကျာင်္းတွေဟာ လူ့လောကမှာကို
    မရှိသငိ့ဘူး။ တကယ်တော့ မိန်းမတွေဟာ
    မွေးရာပါ အသိစိတ်ကိုက စောင့်ထိန်းရမဲ့ တာဝန်နဲ့
    ဝတ္တရားကို သိထားပြီးပါပြီ။ အနည်းငယ်သော
    မိန်းမတချို့ ရဲ့ လုပ်ရပ်တချို့ ကြောင့် မိန်းမထုကြီး
    ဒုက္ခရောက်နေပြီ။ ငါကယ်မှ ဖြစ်တော့မယ်ဆိုတဲ့
    မဟာယောကျာင်္းကြီးတွေဟာ တကယ်တော့
    တော်တော်သနားဖို့လဲကောင်းသလို ချင့်ချိန်နိုင်တဲ့
    ဦးနှောက် နွမ်းပါးနေတာ ထင်ရှားနေတယ်။
    အမျိုးဘာသာ သာသနာတည်မြဲရေးအတွက်
    မိန်းမတွေ ဘာသာခြားမယူရေးဟာ ထိပ်ဆုံးက
    အဓိက ကျနေတယ်ဆိုတော့ တော်တော်အံ့သြမိတယ်
    တကယ်တော့ ယောကျာင်္းတွေ အတွက် ဥပဒေကို
    အရင်ပြဌါန်းသင့်တာ။ ယောကျာင်္းနဲ့မိန်းမအချိုးမှာ
    မိန်းမကများရတဲ့ အထဲ ယောကျာင်္းတွေထဲမှာ
    ဘုန်းကြီးဝတ်နေတဲ့သူတွေ။ ပြီး အခြောက်တွေ
    ဒါတွေကိုနှုတ်လိုက်ရင် ရှင်နည်းရာ အဂ္ဂလူထွက်
    ဆိုသလိုဖြစ်နေပြီ။ တခါ ယောကျာင်္းတွေကို
    ဘာသာခြားမိန်းမနဲ့ မယူဖို့ကို မတားမြစ်ကြတော့
    ယောကျာင်္းနဲ့မိန်းမ အချိုးဟာ ပိုပြီး ကွာဟချက်
    ထပ်ကြီးလာတော့ အဲဒီပိုနေတဲ့ မိန်းမတွေ
    အိမ်ထောင်ပြုဖို့ ဘယ်ယောကျာင်္းကို ယူရမလဲ။
    တလင်တမယားစနစ်ကလဲ ရှိနေတော့
    နောက်ဆုံး ပိုနေတဲ့ မိန်းမတွေရဲ့ အိမ်ထောင်ဖက်ဟာ
    လူမျိုး ဘာသာခြားဘဲရှိတော့တယ်ဆိုတဲ့ အဖြေဟာ
    ကလေးသွားမေးရင်တောင် ထွက်လာမဲ့ ဥစ္စာ
    အပေါ်က ဓမ္မစက္ကဦးမောင်မောင် အတွေးရှန်
    သွားတာဖြစ်မယ်ဆိုတာတွေးမိလို့ ဒီစာကလေး
    ရေးပြီး အသိပေးရခြင်းပါ။
    တခုက ဥပဒေပြုမှု ဘာသာရပ်သည်
    တရားဓမ္မဘာသာရပ်နှင့် ကွဲပြားပါကြောင်း။
    တရားဟောခြင်းနှငိ့ လူမှုရေးရာဖြစ်ပျက်နေမှုများနှင့်
    အစစတွင်တူညီမှုမရှိနိုင်ကြောင်း။
    မဟာယောကျာင်္းဝါဒကို လက်ကိုင်ဆွဲနေသမျှ
    ကာလပတ်လုံး မိန်းမများ၏ ခံစားချက်ကို သိရှိနိုင်
    ဖို့ မဖြစ်နိုင်ကြောင်း။ ပကတိအခြေအနေမှန်ကို
    ချည်းကပ်နိုင်မည်မဟုတ်ကြောင်း တို့အား
    ဦးမောင်မောင်နှင့်တကွ မိန်းမအကျိုးအား လိုလားစွာ
    အားတက်သရောလုပ်ကိုင်ဆောင်ရွက်နေသူအားလုံး
    ကို သိစေအပ်ပါသည်။

    ReplyDelete
    Replies
    1. အေးနင် ကဘာသာခြားမွတ်ကိုအထင်ကြီပြီးယူချင်ယူပေါ့ ကိစ္စမရှိဘူး အသားထည်လောက်မထွက်စေနဲ မွတ်တွေအဓိကပြစ်မက်ကနင် တို့မိန် မတွေပဲ

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။