/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 5, 2013

.

ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်


ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်
-----------------------------
ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က 
ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ယခုကဲ့သို့ အစ္စလာမ်ဘာသာရေးအဆောက်အအုံအတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။
 
“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။
   
 အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်။
 
မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရားကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။
 
ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက်လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ
အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င်
ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အောင်သူရ

ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်း ဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။


ယခုကဲ့သို့ အစ္စလာမ်ဘာသာရေး အဆောက်အအုံ အတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီး အကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။

အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်း စောင့်ရှောက် ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက် ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရား ကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။

ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက် လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယ ရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င် ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အောင်သူရ

Credit : http://www.yeyintnge.com/2013/07/blog-post_9475.html#.UdZfEaxYWSo

1 comment:

  1. ဘယ်လိုလဲ ဦးဝီရသူ
    ကြိုဆိုမှာလား လက်ခံမှာလား
    TIME ရဲ့ သြဘာပေးတဲ့အတိုင်း ဆက်သွားမှာလား

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။