/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 18, 2013

.

ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့


ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့...

***********************************************
(18.5.2013, Tuesday)

ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ဖြေရှင်းနည်းဖြစ်သည့်
အတွက်မလုပ်စေချင်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမားများ 
တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ထွန်တုံးတိုက်ပွဲများဖြစ်ပ်ါနေခြင်း
သည် တရားဥပဒေနည်းလမ်းမကျ၍ တရားဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းနှင့်သိမ်းဆည်းစဉ်ကထင်သာမြင်သာပွင့်လင်းမြင်သာမှု
မရှိခြင်းများကြောင့် ဖြစ်ကြောင်းသိရသည်။ထိုကဲ့သို့ ကိစ္စများကိုလွှတ်တော်
ထဲတွင် ဖြေရှင်းနေသလို တောင်သူလယ်သမားများလည်း ပူးပေါင်းညှိနှိုင်း 
ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ “ထွန်တုံး တိုက်ပွဲတွေကို မထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါဘူး။ကိုယ့်ဆီ ကလုယူတာကိုမကြိုက်ရင် သူ့ဆီကကိုယ့်ပစ္စည်းပြန်ယူရာမှာလည်းအတင်း အဓမ္မမလုပ်သင့်ဘူး။ဖြေရှင်းဖို့ အဆင့်တွေ အများကြီးရှိပါတယ်။ထွန်တုံး တိုက်ပွဲဆိုတာနောက်ဆုံးအဆင့်ပါ။ အလွယ်ကူဆုံးနဲ့နှစ်ဦးနှစ်ဖက်ထိခိုက် မှုမရှိတဲ့နည်းလမ်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးစိန်ဝင်းကပြောကြား ခဲ့သည်။၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ကိုသာထောက်ခံကြောင်း၊ လွှတ်တော်နှင့် ဌာနဆိုင်ရာအားလုံးတွင် ပါတာဝန်ရှိ၍ ပဋိပက္ခဖြစ်စေ 
သောဖြေရှင်းနည်းကိုမလိုလားသည့်အတွက် နှစ်ဖက်ဖြေရှင်းလျှင်ထွန်တုံး တိုက်ပွဲလုပ်စရာမလိုကြောင်းနှင့်ဥပဒေဘောင်ထဲရောက်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို မအူပင်မြို့နယ်ရှိ 
တောင်သူလယ်သမား(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။

ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ ဖြေရှင်းနည်းဖြစ်သည့် အတွက်မလုပ်စေချင် ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊ တိုးရွှေဝါ ခန်းမ၌ ကျင်းပပြု လုပ်သော လွှတ်တော် အတွေ့ အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမား များတွေ့ ဆုံဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။ ထွန်တုံးတိုက်ပွဲများဖြစ်ပ်ါနေခြင်းသည် တရားဥပဒေ နည်းလမ်းမကျ၍ တရား ဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းနှင့်သိမ်းဆည်းစဉ်က ထင်သာမြင်သာ ပွင့်လင်းမြင် သာမှု မရှိခြင်းများကြောင့် ဖြစ်ကြောင်းသိရသည်။ထိုကဲ့သို့ ကိစ္စများကို လွှတ်တော် ထဲတွင် ဖြေရှင်းနေ သလို တောင်သူလယ်သမားများလည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။ “ထွန်တုံး တိုက်ပွဲတွေကို မထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါဘူး။ ကိုယ့်ဆီ ကလုယူ တာကိုမကြိုက်ရင် သူ့ဆီကကိုယ့်ပစ္စည်းပြန်ယူရာမှာလည်းအတင်း အဓမ္မ မလုပ် သင့်ဘူး။ဖြေရှင်းဖို့ အဆင့်တွေ အများကြီးရှိပါတယ်။ထွန်တုံး တိုက်ပွဲဆိုတာနောက်ဆုံးအဆင့်ပါ။ အလွယ်ကူဆုံးနဲ့ နှစ်ဦးနှစ်ဖက်ထိခိုက် မှုမရှိတဲ့နည်းလမ်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးစိန်ဝင်း ကပြောကြား ခဲ့သည်။၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ကိုသာထောက်ခံကြောင်း၊ လွှတ်တော်နှင့် ဌာနဆိုင်ရာ အားလုံးတွင် ပါတာဝန်ရှိ၍ ပဋိပက္ခဖြစ်စေ သောဖြေရှင်းနည်း ကိုမလိုလား သည့်အတွက် နှစ် ဖက်ဖြေရှင်း လျှင်ထွန်တုံး တိုက်ပွဲလုပ်စရာမလိုကြောင်းနှင့် ဥပဒေ ဘောင်ထဲရောက်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို မအူပင်မြို့နယ်ရှိ တောင်သူလယ်သမား(၂၀၀၀)ကျော် တက်ရောက် ခဲ့ကြောင်းသတင်းရရှိသည်။

From...SkyNet TV Browser

1 comment:

  1. မှန်တယ်။ပြသနာတွေမ၇ှိမှကိုယ်စားလှယ်တော်ကြီးအလုပ်
    မပြုတ်မှာ။လူလည်ကြီးသား။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။