/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 18, 2013

.

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်

မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- မီဒီယာသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။


သို့သော် “ဧရာဝတီ”သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည် ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။

၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ထိုဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းစောင့်ဥပဒေ ဖြစ်သည်။ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။

၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော် အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ် ကြောင်း အမိန့်ရှိပါသည်။

မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။

ထိုသို့ဖြစ်ပါလျက် အထက်ပါဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု ဧရာဝတီ သတင်းဋ္ဌာနက လွှင့်ခဲ့ပါသည်။

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။ မိမိကိုယ်တိုင် သဘောတူကြောင်း လက်မှတ် ထိုးပြီးသား ဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေ အပ်ပါသည်။

အနှစ်ချုပ်ကား . . . .

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။

အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ”

မှ/ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ

၀၉- ၂၀ ၆၄ ၉၄၄

https://www.facebook.com/ashin.dayweinda

5 comments:

  1. လူအလုပ် လူလုပ်။ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်။မြတ်စွာ
    ဘု၇ားသာ၇ှိ၇င် ၇င်ထုမနာဖြစ်မှာဘဲ။သင်္ကန်းတောင်းပြီး
    ဘုန်ကြီးစ၀တ်တော့မယ် ဆိုကတည်းက သံသ၇ာ ၀ဋ်ဒုက္ခမှ
    ကျွတ်ပါစေခြင်း ငှာလို့ အရှင်ဘု၇ားတို့ ဆိုခဲ့မဟုတ်လား။သည်လိုနိင်ငံေ၇းလုပ်ချင်၇င် လူထွက်ပြီးလုပ်။မွန်မြတ်တဲ့
    ဘု၇ားသာသနာတော်ကို အားနာကြပါဗျာ

    ReplyDelete
  2. ၉၆၉သည်( ၂၄ ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာပြီး)
    ရတနာ သုံးပါးကို ကိုယ်စားပြုသည့် တံဆိပ်အဖြစ်
    စတင်တည်တွင်ခဲ့သော ပုဂ္ဂိုလ်တွင်
    မည်သည့်ရည်ရွယ်ချက် ရှိသည်ဟုတော့မပြောတတ်ပါ
    သို့သော် ထိုတံဆိပ်ကို ဆက်လက်သုံးဆွဲသူများ၏
    ရည်ရွယ်ချက်များက ပို၍အရေးကြီးနေသည်။
    ၉၆၉ သည် ငြိမ်းချမ်ရေးသင်္ကေတ ဖြစ်သည်ဟု
    အထက်တွင်ဖေါ်ပြထားသည်။ အများနှင့် ဆိုင်သော
    အမှတ်တံဆိပ်ဖြစ်သော်လည်း
    ( အများကဆိုင်သည်ဟုမှတ်ယူကြလျှင်)
    အဖွဲ့အစည်းတခုက မူပိုင်စီးလျက် ၉၆၉ အဖွဲ့
    ၉၆၉ ဆရာတော် စသဖြင့် အမည်ခံကြပြီး
    လုပ်ဆောင်ကြသည့်။ လုပ်ငန်းစဉ်များကိုလည်း
    ၉၆၉ မူဝါဒ များအဖြစ်သတ်မှတ် လုပ်ဆောင်၍
    မောင်ပိုင်စီးထားကြသည်။
    ဗုဒ္ဓဘာသာဝင်ဖြစ်စေကာမူ ၉၆၉ တံဆိပ်အသုံးမပြု
    လျင် ဗုဒ္ဓဘာသာဝင်မပီသဟု ဆိုသော
    အယူအဆများ ပြန့်ပွားစေရန် ကြိုးစားနေကြသည်
    ၉၆၉ တံဆိပ်အသုံးပြုလိုက်သည်နှင့် ထိုအဖွဲ့ဝင်
    အဖြစ် အလိုအလျောက် ဖြစ်သွားခဲ့ပြီ။
    အမှန်စင်စစ် ရတနာသုံးပါးကို ကိုယ်စားပြုသောကြောင့်
    ၉၆၉ သည်
    ဗုဒ္ဓဘာသာဝင်တရပ်လုံးနှင့်သက်ဆိုင်သော်လည်း
    ထိုအဖွဲ့မှ မောင်ပိုင်စီးလိုက်သောကြောင့်
    ထိုအဖွဲ့၏ လက်အောက်ရောက်သွားရရှာပြီ
    ထိုအဖွဲ့သည် ဗုဒ္ဓ ရုပ်ပွားတော် ဗုဒ္ဓပုံတော်ကားချပ်များထက် ၉၆၉ တံဆိပ်အား
    ပို၍ အရေးပါစေရန်ကြိုးစားနေကြသည်။
    ၉၆၉ တံဆိပ်များ တနိုင်ငံလုံးပြန့်နှံ့ သည်နှင့်အမျှ
    သူတို့၏ သြဇာ ပိုကြီးလာတော့မည်။
    ဗုဒ္ဓဘာသာဝင်များ သူတို့သြဇာအောက်သက်ရောက်
    ကြတော့မည်။
    ၉၆၉ဟုအမည်ပေးထားသော သူတို့အဖွဲ့မှာ
    အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရန်ဟု
    ကြွေးကျော်နေသော်လည်း တကယ့်လုပ်ရပ်တွေကတော့ မူဆလင်ဆန့်ကျင်ရေး
    သက်သက်ထက် မပိုပါ။
    သာသနာတိုးတက်ပြန့်ပွားရေးအတွက်
    မူဝါဒချမှတ်လုပ်ဆောင်ချက်များ မတွေ့ရပါ
    ၉၆၉ တံဆိပ်သည် ငြိမ်းချမ်းရေး အထိမ်းအမှတ်ဟု
    ပြောဆိုကြသော်လည်း ၉၆၉ အမည်ခံအဖွဲ့သည်အမှန်စစ်စစ် ရန်တိုက်ပေးသော
    လုပ်ရပ်သာ လုပ်ကိုင်နေကြသည်။
    ဥပမာပြောရလျှင် မြန်မာပြည်ရှိ ကရင် ကချင်
    ချင်း ရခိုင် ရှမ်း အစရှိသည့်တိုင်းရင်းသား
    လူမျိုးစုများတွင်ဗုဒ္ဓဘာသာဝင်ရှိသလို အခြားဘာသာဝင်
    များလည်းရှိကြသည်။
    ထိုတိုင်းရင်းသားများမှဗုဒ္ဓ ဘာသာဝင်များသည်
    ၉၆၉ အဖွဲ့ဝင်များဖြစ်လာနိုင်ကြပြီး
    ထိုအဖွဲ့၏ လှုံ့ ဆော်ချက်အရ ၉၆၉ အချင်းချင်းသာ
    ဆက်ဆံ ရောင်းဝယ်ကြလျှင် တိုင်းရင်းသား
    အချင်းချင်းကြား စည်းလုံးမှု ပြိုကွဲသွားတော့မည်
    ဤအချက်သည် တိုင်းပြည်၏အနာဂါတ် အတွက်
    မကောင်းပါ။
    တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက်
    ထိုအဖွဲ့သည် တကယ့်အန္တရာယ်ပင်ဖြစ်သည်။

    ReplyDelete
  3. လူ့ကျင့်ဝတ်ထဲမှာမျိုးစောင့်တရားပါတယ်ဆိုတာမသိဘူးလား လူဆိုရင်လူ့ကျင့်ဝတ်ကျင့် လူဖြစ်လျက်လူ့ကျင့်ဝတ်မကျင့် ရင် အဲ့ဒီကောင်ခွေးပဲ

    ReplyDelete
  4. ပထမ comment ရေးတဲ့ကောင် လိမ်မာပါးနပ်စွာသွေးခွဲနေသည် ၉၆၉ ကိုဘယ်သူကအပိုင်ယူထားသလဲ ဘယ်အဖွဲရဲလက်အောက်ရောက်သလဲ ရှင်းအုံးငပွရဲ သွား ဒယ်အိုး။

    ReplyDelete
  5. အပေါ်ဆုံးက ရေးတဲ့ကောင် မင်းကကော လူအလုပ်ဘယ်လောက်လုပ်ပြီးပြီလဲ(အမျိုး ဘာသာ သာသနာအတွက်)
    မင်းတို့ လို ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်တွေကြောင့် ဆရာတော်တွေက
    အမျို ဘာသာ သာသနာ မပျောက်အောင်ဆောင်ရွက်နေရတာ။
    ဒါကိုမှ နာနေတယ် ဆိုမှတော့ မင်းမူဆလင် ပဲဖြစ်ရမယ်။ဒီအကွက်တွေက ရိုးပါတယ်ကွာ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။